(14)

7.6K 349 5
                                    

ငမှန် အရေးပေါ် လူနာအတွက် ခွဲစိတ်ခန်းထဲမှာ လိုအပ်တဲ့ ပစ္စည်းတွေ ကို စစ်ဆေးနေခဲ့သည်..
ဒီနေ့လူနာ က နောက်ဆုံးအကြိမ် ခွဲစိတ်ခြင်းဖြစ်သဖြင့် အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ရမည်မလား...

drမြတ်သွေး...လူနာအဆင်သင့်ဖြစ်ပါပြီး

nurseတစ်ယောက်ရဲ့ အပြောကြောင့် ငမှန် ခွဲစိတ်ဖို့ အသင့်ပြင်ကာ လက်အိတ်နဲ့maskကိုဝတ်ခဲ့သည်

ခွဲစိတ်မှုက တစ်နာရီခွဲနီးပါးကြာမြင့်ခဲ့ပြီး တစ်ဖက်လူနာရဲ့ အူမအတတ်ကို အောင်မြင်စွာဖယ်ထုတ်နိုင်ခဲ့တယ်

တခြားdrများနဲ့ nurseများက ဝိုင်းဝန်းချီးကျူးမှုကြောင့် ငမှန်အတိုင်းမသိ ပီတိဖြစ်ရသည်..ဒီလို လူနာတွေကိုကယ်ပေးရတာ
ငမှန်စိတ်ထဲမှာဝမ်းသာပီတိဖြစ်မိသည်....ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းကိုလည်း ကျေနပ်မိသည်

ခွဲစိတ်ခန်းထဲက ထွက်လာပြီး ငမှန် လက်သန့်စင်လိုက်သည်..

ဟူး..တစ်ရေးလောက်တော့ အိပ်အုံးမှ..

ငမှန် မနေ့ညက မနက်၄နာရီမှအိပ်ပျော်သွားခြင်းသာ...ခွဲစိတ်မှုနဲ့ပတ်သတ်ပြီး..စာတွေထပ်ဖတ်ရသည်...

ကိုယ့်အခန်းကို ပြန်လာပြီး..တံခါးရှေ့မှာချထားသော အထုတ်ကြောင့် ငမှန် သက်ပြင်းချမိသည်...

ခုတလောအရင်ကထက်ပိုဆိုးလာတာ ကအဲ့ဒီအထုတ်တွေပဲ..

အရင်က အထုတ်တွေက nurseတွေနဲ့တစ်ဆင့်ယူလာတတ်ပေမဲ့ ခုက ငမှန်နေတဲ့အခန်းရှေ့မှာ လာချပေးထားခြင်း

ပြီးတော့အရင်က အစားအသောက်တွေနဲ့ စိတ်ရှုပ်စရာစာတွေဆိုပေမဲ့ ခုတစ်ခေါက်က အသုံးအဆောင် ပစ္စည်းတွေပါလာတတ်တယ်

ငမှန်စိတ်ရှုပ်လို့ အဲ့အထုတ်တွေအားလုံးကို အမှိုက်ပုံးထဲ ပစ်ခဲ့ခြင်းသာ..
ဟိုတစ်ခေါက်ကnurseတစ်ယောက်က တွေ့လို့...
nurse မရိပ်မိအောင်အထုတ်တွေကို သူ့ကိုပေးလိုက်ခဲ့မိသည်..

အသုံးမလိုသေးတော့ အမယူမလားဆိုပြီး
ငမှန်မှာ ပါးစပ်ကထွက်တဲ့အတိုင်းပြောလိုက်ရသည်..

ငမှန်အခန်းထဲဝင်ပြီး powerပိတ်ထားတဲ့ဖုန်းကိုပြန်ဖွင့်လိုက်တော့ ကျလာတဲ့miss callတွေ...

Crazy love (Complete) Where stories live. Discover now