(10)

9.5K 425 3
                                    

မနေ့ကတည်းက တိုက်ခန်းအသစ်ကိုပြောင်းလာပြီး အထုတ်အပိုးတွေကိုလည်း တစ်ခါထဲ နေရာချခဲ့လိုက်သည်..ခုတိုက်ခန်းက စျေးသက်သာပြီး ကျောင်းနဲ့လည်းနီးတော့ ခါတိုင်းလို bus ကားမှတ်တိုင်မှာ ရပ်စောင့်စရာမလိုတော့ပေ.... condoဘေးနားမှာလည်းစျေးတန်းတွေရှိနေတော့ စားစရာအတွက်လည်းစိတ်ပူစရာမရှိ....ဒီတိုက်ခန်းရအောင်ကူညီပေးခဲ့တဲ့ သူ့သူငယ်ချင်းအောင်အောင်ကိုပဲကျေးဇူးတင်နေမိသည်...
ဒီတိုက်ခန်း ကို အောင်အောင် အန်တီပိုင်တာဖြစ်ပြီး လူမနေဘဲ တိုက်ခန်းက အမြဲလွတ်နေတတ်သည်.. အန်တီက ရန်ကုန်ကိုတစ်ခါတစ်လေမှလာလေ့ရှိပြီး အများအားဖြင့် ပဲခူးမှာပဲအနေများတတ်သည်...အောင်အောင် ကတော့ ကျောင်းအဆောင် မှာပဲနေလေ့ရှိတဲ့အတွက် တိုက်ခန်းမလိုဘူးလို့လည်းပြောသေးသည်

ဘာဖြစ်ဖြစ် မနက်ဖြန်ကျောင်းပြန်တတ်ရင်
ဒီကောင့်ကို ကျေးဇူးတင်ကြောင်းပြောပြီး
မုန့်လိုက်ဝယ်ကျွေးရမည်...

ဒီနေ့ မြို့ထဲသွားပြီး အလုပ်လျှောက် ရန် လိုအပ်တဲ့ စာရွက်တွေပြင်ဆင်နေခဲ့သည်
တစ်ယောက်တည်းဖြစ်လာတော့ အလုပ်တစ်ခုတော့ လုပ်ရန်လိုအပ်လာသည်...အချိန်ပိုင်းအလုပ်ပဲဖြစ်ဖြစ် ကျောင်းတတ်ရင်း ဝင်ငွေရှာနိုင်ဖို့ပင်....

အားလုံးပြင်ဆင်ပြီးသွားတော့ အပြင်ထွက်ရန် တံခါးကိုဖွင့်လိုက်သည်...

ဟင်....

ဘယ်ချိန်ကတည်းက တံခါးရှေ့မှာရောက်နေမှန်းမသိသော အကိုခန့်မင်း က ကျွန်တော့်ကိုတွေ့တော့ အားနာနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်လို့နေပြန်တယ်

အကိုခန့်မင်း...အဲ့မှာဘာရပ်လုပ်နေတာလဲ

ကိုယ်.. လင်းလက်ကိုစောင့်နေတာ..

ပြောစရာရှိလို့လား

ကိုယ်..အိမ်ထဲဝင်လို့ရလား

ဟုတ် ရပါတယ်..ဝင်ခဲ့ပါ

ကျွန်တော်လည်း အိမ်ထဲပြန်ဝင်လိုက်ပြီး sofaပေါ်မှာ အကိုခန့်မင်းနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်

ပြောလေ အကိုခန့်မင်း

လင်းလက် နေတာထိုင်တာအဆင်ပြေရဲ့လား

Crazy love (Complete) Where stories live. Discover now