(9)

8.4K 409 2
                                    

ခါတိုင်းထက်ပိုပြီး အစောကြီး ထ ကာ အဝတ်အစား များကို အလျင်အမြန် ထည့်နေခဲ့မိတယ်.. အခန်းထဲမှာ ဟိုလူ မရှိတုန်း
ဒီက နေ ထွက်သွားဖို့ပင်.. မနေ့ည အဖြစ်အပျက် က သူ့အတွက် ကြောက်လန့်စရာ..
ဟိုလူ သွေးဆူပြီးဒေါသ ထွက်ရင် တခြားသူဘက် ကိုမကြည့်ဘဲ ထင်ရာ လုပ်တတ်တဲ့စိတ်ကို သူပိုလို့နားလည်လာသည်
အစက ဒီတိုင်း သည်းခံပြီးနေကြည့်ဖို့ပင်
ခုတော့ ဘယ်လိုမှမဖြစ်တော့တဲ့အခြေအနေ မို့ ဒီအကြောင်းအရာ တွေကို အဘ ကိုပြောပြ
ပြီး ကျွန်တော်အဆောင်မှာပဲပြောင်းနေတော့မယ်ဖြစ်ကြောင်းအသိပေးလိုက်မို့ပင်

အဘ က ကျွန်တော့်ကျေးဇူးရှင်ပါ..ကျေးဇူးရှင်ရဲ့သား မို့လို့လည်း သူကျွန်တော်ပေါ် လုပ်ခဲ့တဲ့အပြုအမူတွေကို အဘ ကိုပြန်မပြောပြဘဲ သည်းခံဖို့လုပ်ခဲ့ပြီးပြီး....ခုတော့ မနေ့ည က သူကိုပြောလိုက်တဲ့စကားတွေကြောင့်... နောက်ဖြစ်လာမဲ့အရာကိုရှောင်ရန် အဲ့အိမ်ကြီးမှာမနေ တော့ဘဲ တစ်ယောက်တည်းအဆောင်ငှားနေရန်သာ ဆုံးဖြတ်ခဲ့မိသည်

အဝတ်တွေကို အလျင်အ​မြန်ထည့်ပြီးသွားချိန်.. နာရီကြည့်လိုက်တော့ မနက် ၂နာရီပင်ရှိသေးသည်...
hotel ခန်းထဲက ထွက်ကာ ကြုံရာကားနှင့်သာ ရန်ကုန်ပြန်ရန်ထွက်လာခဲ့မိသည်

At 7:00 AM

မိသွယ်ရေ.. အကိုလေး တို့ ငွေဆောင် ဒီနေ့ ပြန်ရောက်မှာမလား...

ငါလည်း မသိဘူးလေ...

နင့်ကိုမေးလိုက်ရင် ဘာမှမသိဘူး...တော်ပြီး
ငါ့ဟာငါပဲ အိမ်အလုပ်လုပ်တော့မယ်...

ဟဲ့..ဟဲ့. မသွားနဲ့အုံး..
ဟိုမှာ...ဟိုမှာ..

အေးမိရဲ့ အကျီစ ကို ဆွဲကာ မသွားဖို့ဟန့်တားပြီး.. တစ်နေရာကို လက်ညွှန်းထိုးလို့နေခဲ့တယ်

ဘာလဲ...နင်ကလည်း..

ဟိုမှာ..လင်းလက် မဟုတ်လား

ဘယ်မှာလဲ နင်ကလည်း

လင်းလက် က ဘယ်လို အိမ်ပြန်လာတာလဲ

နှစ်ယောက် လုံး မျက်လုံးပြူးကာအိမ်ထဲ ဝင်လာသော လင်းလက်ဆီ အပြေးသွားကြိုကြသည်

Crazy love (Complete) Where stories live. Discover now