(15)

8.4K 382 9
                                    

ဆေးရုံကြီး ရဲ့ အတွင်းမှာ တာဝန်ကိုယ်စီ အလုပ်လုပ်နေကြတဲ့ nurseများနဲ့drများ
notice ကပ်ထားသောboardသို့ စုဝေးလာကြသည်...

အကြောင်းမှာ ဒီနေ့အစည်းအဝေးရှိနေသောကြောင့်ဖြစ်သည်... ခါတိုင်းအစည်းအဝေးရှိရင်ကြိုသိနေကြဆိုပေမဲ့...ခုခါက ဒီနေ့မှသိရခြင်း..

အစည်းအဝေးတစ်ခါလုပ်ရင်အနည်းဆုံး၃နာရီလောက်ကြာတတ်ပေသည်
ခုပဲ၈နာရီထိုးနေပြီး...

nurseများက သက်ပြင်းချကာ.. အချင်းချင်း တီးတိုးပြောနေကြသည်....

ငမှန်လည်း..အစည်းအဝေးရှိတဲ့နေ့ဆို မတတ်ချင်ပေ.. ဒါမဲ့drအများစုနဲ့nurseအနည်းငယ်က မတတ်မ​ဖြစ်တတ်ရောက်ရမဲ့ ဆေးရုံစည်းကမ်းရှိနေပေသည်..

အစည်းအဝေးခန်း ဝင်သွားလိုက်တော့.. ရှေ့ဆုံးခုံမှာ ရောက်နှင့်နေပြီးသော ဆေးရုံအုပ် drဦးမိုးလွင်...

အစည်းအဝေးခန်းထဲမှာ လူစုံပြီးဆိုတာနဲ့...ဦးမိုးလွင်က မတ်တပ်ရပ်လိုက်ကာ..အားလုံးကို တောင်းပန်စကားစပြောလေသည်

ခုလို အစည်းအဝေး ကိုကြိုတင်အသိမပေးဘဲလုပ်ရတဲ့အတွက် တောင်းပန်ပါရစေ

ကျွန်တော်လည်း..မနေ့ည ကမှ foreign hospital founderကဖုန်းဝင်လာလို့သိရတာပါ...အဲ့တာကြောင့်ဒီမနက်မှာ drများနဲ့nurseများကို အစည်းအဝေးခေါ်လိုက်ရခြင်းဖြစ်ပါတယ်...

အစည်းအဝေးခန်းက တိတ်ဆိတ်နေပြီး.. ဆေးရုံအုပ်ရဲ့အသံသာ တစ်ခန်းလုံးလွှမ်းမိုးထားလေသည်..
အခြားdrများနှင့်nurseများက စိတ်ဝင်တစား..နားထောင်ရင်း ဆေးရုံအုပ်ကိုလေးစားသောမျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်

ကျွန်တော်ခုပြောပြမဲ့ အကြောင်းက drတွေအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်မှာပါ

ကျွန်တော်တို့ဆေးရုံမှာရှိတဲ့ drများထဲမှ၃ယောက်ကို american နိုင်ငံဆေးရုံကြီး တစ်ခုက ချိတ်ဆက်ပြီး..... ပညာသင်ယူခွင့် free အနေနဲ့ ၂နှစ် အတွေ့အကြုံရော
ပညာ တွေပါ ဆည်းပူးလေ့လာနိုင်မှာဖြစ်တယ်

အဲ့၂နှစ်အတွင်းမှာ..ကိုယ်က သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ကိုက်ညီတယ်ဆို... အဲ့ဆေးရုံမှာ တစ်ခါထဲ အမြဲတမ်းdoctorခန့်သွားမှာဖြစ်ကြောင်း.....ပြောကြားထားတယ်

Crazy love (Complete) Where stories live. Discover now