(12)

10K 398 0
                                    

ဘေးနား က စကားပြောသံ တွေ ကြားနေရပေမဲ့ မျက်လုံးအစုံမဖွင့် ချင်လောက်အောင် လူက နုံးလျလို့နေတယ်...
အပြင်ဘက်က​နေ တိုးဝင်လာတဲ့လေတွေက အခုကျမှ ပိုချမ်းနေသယောင်ပင်...

ကယ်...မာန်ထိုက်..
ပြော..

ဒီကောင်လေးက ဘယ်သူလဲ..

နောက်မှမေးစမ်းပါ.. သူဘယ်လိုနေလဲ...

မနေ့ညက မာန်ထိုက် အခန်းထဲမှာ အိပ်နေတုန်း အပြင်ဘက် ကနေ စကားပြောသံတွေကြားနေရလို့ ထွက်ကြည့်တာ sofaပေါ်မှာ အိပ်ပျော်နေတဲ့ကောင်လေးဆီက ယောင်ရမ်းတဲ့စကားတွေဖြစ်နေတယ်...
လက်က လည်း ဗိုက်တစ်ဖက်ကို ဖိကာ ပါးစပ်ကလည်း အယောင်ယောင်အမှားမှား အသံတွေ ထွက်နေလို့ မာန်ထိုက် ဆက်ပြီးအိပ်နေလို့မဖြစ်...

လက်တစ်ဖက် က ကိုယ်တိုင်မသိလိုက်ခင်မှာပဲ ကောင်လေးနဖူးပြင်ဆီ စမ်းမိသွားတယ်

ကျစ်...မီးလိုမျိုးပဲ

ကိုယ်တိုင်က ဘာမှသိပ်မလုပ်တတ်တာနဲ့
ငမှန်ကို လှမ်းခေါ်လိုက်ရတော့တယ်

မင်းသူ့ကို ဘာတွေလုပ်ထားတာလဲ..

ငမှန်က မယုံသလိုနဲ့ စူးစိုက်ပြီးမေးလာပြီး ကောင်လေး လက်ကို ဆေးချိတ်ပေးထားခဲ့တယ်..

မင်း မြင်တဲ့အတိုင်းပဲလေ
ငါသူ့ကို ဘာလုပ်ရမှာလဲ...

ငမှန်သိပ်တော့မယုံချင်...ဒီကောင် မာန်ထိုက် က အရေးတကြီး ဖုန်းဆက်ခေါ်တော့ ကိုယ်လည်းကြောင်သွားတယ်.. ဆေးရုံမှာdutyကျနေလို့ လာလို့မဖြစ်ဘူးလို့ငြင်းတာတောင်..အတင်း ဖုန်းဆက်ခေါ်နေလို့လာရတာ...ဒီရောက်တော့ကောင်လေးတစ်ယောက်ကို တစ်ချက်ကြည့်ပေးအုံးတဲ့

sofaပေါ်မှာ ကွေးကွေးလေးအိပ်နေပြီး ဗိုက်ကိုလည်းဖိထားကာ ပါးစပ်ကလည်းအယောင်ယောင်အမှားအမှားတွေထွက်နေလို့ အစက ငမှန်လန့်မိသွားတယ်

ကိုယ်ကို စမ်းကြည့်တော့ အဖျားရှိနေတာ သိရပြီး ဗိုက် က အစာအိမ် ပူလောင်တာဖြစ်မှန်းသိရတယ်...

အဲ့တာနဲ့ ပါလာတဲ့ ဆေးdripသွင်းပြီး ချိတ်ထားပေးခဲ့ရတယ်

မာန်ထိုက်..
သူအဖျားရှိတယ်..
ပြီးတော့သူ့အစာအိမ်..မကောင်းချင်ဘူး

Crazy love (Complete) Where stories live. Discover now