(3)

13.6K 521 2
                                    

မနက်စောစော ကျေးငှက်အသံများနှင့် လေပြေညှင်းများတိုးဝေ့မှုကြောင့် မျက်လုံး များအလိိုလိုပွင့်ဟလာခဲ့သည်...နားထဲတွင်ကြားနေရသော ကြေးစည်သံ တရားတေးသံ များနှင့် ချိုင့်ခွက်ပန်းကန်သံများကလည်း နားထဲတွင် ပိုကျယ်လောင်လာသည်
ပန်းရနံ့မျိုးစုံ အနံ့တို့ကလည်း အိပ်ရာက မထ ထချင်အောင် ဆွဲဆောင်နေသယောင်ပင်...

လင်းလက်.... ထပြီးလားဝေ့..

ဘကြီး အသံကြားမှ အိပ်ရာက ချက်ချင်းကောက်ထကာ မျက်နှာ သစ် သွားတိုက်ခြင်းအမှုကိုပြုရသည်

ကျွန်တော် နိုးနေပါပြီး ဘကြီးရ...

ဘကြီးက တော့ ခါတိုင်းလို မနက်စောစောထပြီး တရားထိုင်ဘုရားစာရွတ် ဘုန်းကြီးကျောင်း သွားခြင်းဖြင့်တစ်နေ့တာအချိန်ကုန်နေတတ်သည်...ဘကြီးက ဘုရားတရားသမားလေ...
ကျွန်တော်ငယ်ငယ်လေးကတည်းက ဘကြီးက စောက်ရှောက်ပေးလာတာ ကျွန်တော့်မှာ မိဘတွေမရှိ တော့ကတည်းက ဘကြီးက သူ့သားအရင်းလို ပြုစုပျိုးထောင်လာပေးခဲ့တာ ခုဆို ရွာရဲ့ အထက်တန်းအောင်စရင်း မှာ ကျွန်တော့်နာမည် ပါတဲ့အထိပဲလေ..... ဘကြီးက ဘုန်းကြီးကျောင်းရဲ့ ဝေယျာဝိစ္စ တွေကိုဆောင်ရွက်ပေးရတဲ့ ကပ္ပိယတစ်ယောက်...ဒါမဲ့ ခုအသက်အရွယ်ရလာတော့ ဒီအလုပ်တွေကို ကျွန်တော်က ဝိုင်းကူပေးရတာပေါ့.... ကျွန်တော်နဲ့ ဘကြီးက ရွာဘုန်းကြီးကျောင်းရဲ့ ကျောင်းဝန်းထဲမှာ တဲထိုးပြီး နေကြတယ်.... ဘုန်းဘုန်းကတော့ ကျောင်းဆောင်ထဲမှာ နေခိုင်းပေမဲ့..ဘကြီးက အားနာလို့ထင်.. ကျောင်းဝန်းထဲမှာ တဲထိုးပြီးနေခြင်းသာဖြစ်သည်..... ကျွန်တော် လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ဆယ်တန်းအောင်ခဲ့ပေမဲ့ ကျောင်းဆက်မတတ်ဖြစ်ခဲ့....ဘာလို့ဆို...ရွာမှာက အထက်တန်းထိပဲရှိတာလေ.. ဘကြီးပြောပုံအရဆိုရင် ကျွန်တော်ဆက်တတ်ရမဲ့ ကျောင်းက
မြို့ကြီးပြကြီးတွေထဲမှာပဲ ရှိတာတဲ့..... ကျွန်တော်က တတ်ချင်ပေမဲ့....ရွာမှာက မြို့မှာ ကျောင်းသွားတတ်နိုင်တဲ့သူဆိုတာ အတော်ပင်ရှားသည်...သူကြီးသား သမီး ပိုက်ဆံရှိတဲ့လူတချို့လောက်သာ မြို့ကြီးပြကြီးသွားပြီးကျောင်းတတ်နိုင်ကြသည်..ကျွန်တော့်လို..ဘုန်းကြီးကျောင်းသားက ဘယ်လိုမှ မအပ်စပ်ပါဘူးဗျာ... နောက်ပြီး ဘကြီးက အသက်အရွယ်ရလာပြီးဆိုတော့ ကျွန်တော်ရှိနေမှဖြစ်မှာလေ.....

Crazy love (Complete) Donde viven las historias. Descúbrelo ahora