(19)

7.9K 309 9
                                    

At 11 Am,Tue

နေရောင်ခြည် စူးစူးတို့က မျက်နှာပေါ် ကျရောက် လာမှ.. ထိုးနှောက်နေသော ခေါင်းနဲ့အတူ မာန်ထိုက် နိုးလာမိသည်...

ဒီနေ့ခါတိုင်းနဲ့မတူဘဲ သူ့ခန္ဓာကိုယ် တစ်ခုလုံး လိုအင်တစ်ခုခုပြည့်ဝသွားသလို ခံစားချက်မျိုးပင်

ဘေးနားမှာ ထောင်ထားသော နာရီကိုကြည့်မိတော့ ၁၁တောင်ထိုးနေပြီးပဲ...
မာန်ထိုက် တဖြည်းဖြည်း ထလာကာ.. ဘေးမှာ အိပ်ပျော်နေဆဲဖြစ်သော ကောင်လေးကို အခုမှမြင်သွားသည့်ပုံပင်...

သူ့ကိုယ်ကို ပြန်ကြည့်မိတော့ အဝတ်အစားဟူ၍တစ်ထည်တောင်မတွေ့ပေ
မူးနှောက်နှောက်.. ခေါင်းနဲ့အတူ ညက ဖြစ်ပျက်ခဲ့သော အကြောင်းတွေကိုပြန်စဉ်းစားနေခဲ့မိသည်

အဖြစ်အပျက်အားလုံး မှတ်မိသွားကာမှ...မာန်ထိုက် ကုတင်ပေါ်ပြန်တတ်ကာ အိပ်ပျော်နေဆဲကောင်လေး မျက်နှာနားတိုးကပ်လို့ လာခဲ့သည်...

မနေ့ညက သူစိတ်ပါလို့ဖြစ်ခဲ့တာမဟုတ်..
ဆေးခတ်ခြင်းခံရတာ..

ဒါမဲ့မာန်ထိုက်စိတ်ထဲ ကျေနပ်နေသယောင်ပင်.. သူကgayမဟုတ်ဘူး..ဒါမဲ့ မင်းကိုတော့ချွင်းချက်ထားလို့ရတယ်မလား...

မာန်ထိုက်လက်တွေက ကောင်လေးနဖူးပြင်နဲ့ ပါးတစ်လျှောက်ပွတ်သပ်ပြီး စဉ်းစားနေခဲ့သည်

ငါ့အကို..ကိုခံစားစေချင်တဲ့စိတ်တစ်ခုထဲအတွက်....မင်းကိုခေါ်လာခဲ့မိတာ...

ခုတော့...ငါကိုယ်တိုင်ခံစားရတော့မယ်ထင်တယ်

မာန်ထိုက် အတွေးတွေက ကြာကြာမခံဘဲ လှုပ်ရွလာတဲ့ကောင်လေးကြောင့် သူ့လက်တွေကို အမြန်ရုတ်သိမ်းလိုက်သည်...

လေးလံနေသော မျက်ခွံများကို အတင်းအားယူကာ ဖွင့်နေခဲ့မိသည်..ခန္ဓာကိုယ်ကိုအနည်းငယ်လှုပ်ရှားကြည့်ပါသော်လည်း..
နာကျင်လာတာကြောင့်....အသာလေးမျက်လုံးဖွင့်မိသည်...

သူ့ဘေးနားမှာ သူ့ကိုစိုက်ကြည့်နေသော...
မာန်ထိုက်ကြောင့်...လင်းလက် ကိုယ်က်ို အားယူကာ သူနဲ့ ဝေးအောင်ရွေ့လိုက်မိသည်

မနေ့ညက ဖြစ်ပျက်ခဲ့သမျှက အိမ်မက်ဆိုးလိုပဲ.. သူ့အတွက်တော့ငရဲပဲ... သူ့ရှေ့မှာရှိနေတဲ့သူက လူမဟုတ်ဘူး..မကောင်းဆိုးဝါး ပဲ..
သူ့ဘဝကို အကြိမ်ကြိမ် ချနင်းခဲ့တဲ့ မကောင်းဆိုးဝါး...

Crazy love (Complete) Where stories live. Discover now