(30)

8K 269 17
                                    

ဆေးရုံကြီးရဲ့အခန်းငယ်လေးအတွင်း...ကောင်လေးတစ်​ယောက်ကတော့..
တစ်ယောက်သောသူကိုမျှော်နေလျက်ပင်...

တစ်စုံတစ်ခုကိုလည်း..သဘောမကျဟန်..မျက်မှောင်ကြုတ်ထားလေသည်

စိုင်းနဲ့ ဝဏကတော့..ထိုသကောင့်သားနားမှာ
စောင့်ပေးလျက်ပင်

*မင်းတို့သူ့ကိုဘယ်လွှတ်လိုက်တာလဲ*

အလိုမကျဟန် ထွက်လာတဲ့သူငယ်ချင်းဖြစ်သူရဲ့ စကားကို ဝဏသိပ်တော့ကြည့်မရတော့ပေ

*ငါတို့မင်းဟာလေးကိုဘယ်မှမလွှတ်ဘူး..
သူ့ဘာသာသူ မင်းအတွက်စားစရာဝယ်ပေးမလို့ဆိုပြီးထွက်သွားတာ*

*အေးလေ ပြန်လာမှာပေါ့..ပိုကိုပိုလွန်းတယ်*

စိုင်းနဲ့ဝဏက ထိုသကောင့်သားကို မကြည်တော့ဟန်..ပြောလာသည်

ခဏအကြာ ဆေးရုံအခန်းငယ်လေးအတွင်းသို့ဝင်ရောက်လာသောကောင်လေးကြောင့်
မာန်ထိုက် ထိုင်နေရာမှ ချက်ချင်းလှဲချလိုက်သည်..

ခုနရုပ်နှင့်မတူစွာ..ထိုကောင်လေးကိုပဲ မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့သူငယ်ချင်းဖြစ်သူကြောင့်..သူတို့နှစ်ယောက် သက်ပြင်းအခါခါချမိသည်

*မာန်ထိုက်...အိပ်နေတုန်းလား..*
*ကျွန်တော် ဆန်ပြုတ်ဝယ်ခဲ့တယ်..စားရအောင်*

လင်းလက်တစ်ယောက်..မာန်ထိုက်ဘေးနားသွားကာ သူ့လက်ကလေးနဲ့အသာအယာနှိုးမိသည်

*လင်းလက်..ဘယ်သွားနေတာလဲ*

သူ့လက်ကိုဆုပ်ကိုင်လာပြီး..မျက်နှာငယ်နဲ့မေးနေသောမာန်ထိုက်ကြောင့်..လင်းလက်..
အနည်းငယ်တော့စိတ်မကောင်းဖြစ်မိသည်

*ကျွန်တော်ခများအတွက် ဆန်ပြုတ်သွားဝယ်တာ..*
*ဆရာဝန်က ခများအမာစာ စားလို့မရဘူးတဲ့*

မာန်ထိုက်ကိုယ်ကို ထိုင်လို့ရအောင် လင်းလက်တစ်ယောက် အနည်းငယ်ကူပေးလိုက်သည်..

ပါလာတဲ့ ကြ က်သားဆန်ပြုတ်ဗူးကိုဖွင့်လိုက်ကာ..ဇွန်းယူပြီး ထိုသူ့ကိုပေးလိုက်သည်..

မစားသေးဘဲ..သူ့ကိုသာကြည့်နေသော
မာန်ထိုက်ကြောင့်လင်းလက်..မနေတတ်တော့ပေ..

Crazy love (Complete) Where stories live. Discover now