(11)

10K 430 8
                                    

ဆူညံနေသော ကားမောင်းပြိုင်ကွင်းအတွင်း
အားပေးသူများရဲ့လက်ခုပ်သံ အော်ဟစ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်.....
အနိုင်ရသူ ကားပေါ်မှ ဆင်းကာ သူ့သူငယ်ချင်းတွေရှိသော နေရာသို့သွားလိုက်သည်

ဝဏ မင်းမဆိုးဘူး.. မင်းအရည်အချင်းတွေငါ့လောက်နီးပါးတတ်လာပြီး

ီးပဲ ဟေ့ရောင်

စိုင်းက ဝဏ ကို စသလိုပြောပြီ တစ်ဖက်ကလည်းဆဲသံတွေပြန် ပြောလာခဲ့သည်
အဲ့နှစ်ယောက် က ရှိနေရင်ကို အချင်းချင်းသတ်နေကြတာ

ဒီနေ့ ငမှန် ဆေးရုံနားရက်တစ်ရက် ရလို့ဒီကောင်တွေနဲ့လိုက်လာခဲ့လိုက်သည်...ခုရက်ပိုင်းဒီကောင်တွေနဲ့မတွေ့ဖြစ်လို့ ဒီနေ့ ဟိုသုံးကောင်နဲ့အချိန်ဖြုန်းရန် လိုက်လာမိခြင်း
ငမှန်ဘေးနားက တစ်ယောက် ကို ကြည့်မိတော့ ခါတိုင်းထက်ပိုငြိမ်ကာ ဆေးလိပ်ကိုသာ သောက်နေသော သူကြောင့်  သက်ပြင်းချလိုက်မိသည်...

ဘယ်ချိန်ကြည့်ကြည့် ဒီကောင့်လိုလူမျိုးက ဒီပုံစံအတိုင်းပဲဖြစ်သည်.. ပြုံးရယ်သော မျက်နှာမျိုး ငမှန်တစ်ခါမှမတွေ့ဖူးချေ

မာန်ထိုက်ဆေးလိပ်ကို ဖိချေလိုက်ပြီး စားပွဲပေါ်က ပြာခွက်ထဲထည့်လိုက်သည်..

ပြီးမှ စကားများနေကြသော ဟိုနှစ်ကောင်ထံ မေးငေါ့ပြီးမေးလိုက်သည်..

ဝဏ.. ငါပြောထားတာ ဘယ်လိုလဲ..

ဘာကိုလဲ...

ဝဏ က တစ်ခဏစဉ်းစားဟန် ပြောလာခဲ့သည်

ကျစ်...အိမ် လေကွာ..

အော်..sry sryငါမေ့တော့မလို့
အဲ့အိမ်ပိုင်ရှင် က စကားပြောရတာ မမိုက်ပါဘူးကွာ.. အိမ်ရဲ့စျေးကိုလည်း လိုအပ်တာထက် ပိုကိုင်ထားတယ်.. သူ့အိမ် ကဖြင့်
ဂျောင် ထဲ မှာ မို့ ဝယ်သူတောင် ရှိမှာမဟုတ်ဘူး..

သူ စျေးဘယ်လောက် ခေါ် လဲ

သိန်းတစ်သောင်းခွဲ....

ဝဏပြောလိုက်တော့ မာန်ထိုက်က စိတ်မရှည်စွာ ဆုပ်သက်လိုက်သည်

ကျစ်..

ဝဏ..မင်းတစ်ခါထဲ ငွေချေလာခဲ့ရမှာ..

Crazy love (Complete) Where stories live. Discover now