(16)

9.1K 444 7
                                    

အမှောင်ချထားသော အခန်းငယ်လေးအတွင်း ပြတင်းပေါက်တစ်ခုမှကျရောက်လာသော အလင်းဖြာလေးတစ်ခုသာ ထိုအခန်းကို အလင်းပေးစေသည်

မွှေးပျံ့ပျံ့အနံ့တို့က အိပ်ပျော်နေသောကောင်လေး ကိုနိုးလာစေရန် ရည်ရွယ်သယောင်

မျက်လုံးများဖွင့်ကြည့်သော်လည်း အရာအားလုံး မဲမှောင်နေပြီး သူ့ဘေးတွင်အရိပ်တစ်ခုက မှုန်ဝါးဝါးနှင့်သာ

သူလဲလျောင်းနေသည်က အိစက်စက်မွေ့ယာတစ်ခုမှန်းခံစားမိသည်
သူ့လက်ဖဝါးကိုဆွဲကိုင်လိုက်သော ဘေးက အရိပ်တစ်ခုကို သူစိုက်ကြည့်လို့နေခဲ့သည်

တဖြည်းဖြည်း အမြင်အာရုံများပုံမှန်ဖြစ်လာကာ ဘေးဘက်ဝန်းကျင်ကိုလိုက်လံကြည့်မိခဲ့သည်
အမှောင်ချထားသော အခန်းငယ်လေးတစ်ခုအတွင်း သူရောက်ရှိနေပြီး ဖြစ်ပျက်သမျှကိုပြန်စဉ်းစားလို့နေခဲ့သည်

သူ့ဘေးက အရိပ်တစ်ခုကို သူလှမ်းကြည့်မိရာ...အေးစက်စက် မျက်ဝန်းနှင့် တွန့်ချိုးထားသောမျက်ခုံးတို့မှာ တစ်ခုခုကိုအလိုမကျထားသည်မှာ မလွဲ...

သူ့လက်ဖဝါးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အဖြူရောင် လက်စွပ်လေးထံ စူးစိုက်ကြည့်နေသောသူကြောင့် လက်က်ိုရုန်းမိသည်

လင်းလက်ခေါင်းထဲ အဖြစ်အပျက်တို့ပြန်စဉ်းစားလို့ရသွားကာ သူ့ဘေးမှာရှိနေသော လူက်ိုကြောက်လန့်ကာ တွန်းမိသည်

လင်းလက် ဘယ်လောက်ရုန်းရုန်း တွန်းတွန်းထိုသူမှာ သူ့လက်ကိုမလွှတ်ဘဲ ပိုမိုတင်းကြပ်စွာဆုပ်ကိုင်ထားမြဲဖြစ်သည်

မာန်ထိုက်..
ကျွန်တော်..ကိုလွှတ်ပေး

အကြည့်စူးစူးတို့က လင်းလက်ဘက်လှည့်လာကာ လက်မှာဝတ်ထားသော လက်စွပ်ကို ဆွဲချွတ်လို့နေခဲ့တယ်

ခများ...ဘာလုပ်တာလဲ..

စကားတစ်လုံးမှမပြောဘဲ လက်စွပ်က်ိုသာ ဆွဲချွတ်နေသော ထိုသူလက်များကို လင်းလက် ဖယ်ထုတ်မိသည်

နောက်ဆုံးအားချင်းမမျှတဲ့ လင်းလက်ဘက်ကသာ အရှုံးပေးခဲ့ရသည်
လက်စွပ်ကိုယူပြီး အသေချာကြည့်နေသော ထိုသူ့မျက်နှာမှာအေးစက်နေပြီး..မည်းမှောင်နေသောမျက်ခုံးတို့မှာလည်း ပိုမိုတွန့်ချိုးလို့နေခဲ့သည်

Crazy love (Complete) Where stories live. Discover now