(29)

7.9K 287 11
                                    

အရာအားလုံးတိတ်ဆိတ်ကုန်တဲ့..ဂိုဒေါင် လေးအတွင်း...အပြေးဝင်ရောက်လာသော
ခြေသံတွေများ...

ဂိုဒေါင်ထဲဝင်ဝင်ချင်း မြင်လိုက်ရတာက မြေကြီးပေါ်လှဲကျနေတဲ့ မာန်ထိုက် ပင်..

ဘေးဘက်ကိုတစ်ဆက်တည်းကြည့်မိတော့..
ထိုင်ခုံပေါ်မှာကြိုးတုပ်ထားလျက်..ခေါင်းငိုက်စိုက်ကျနေသောကောင်လေးတစ်ယောက်..

ဝဏ စိုးရိမ်သွားကာ..လှဲကျနေသော..
မာန်ထိုက်ဆီအပြေးသွားမိသည်..

*စိုင်း..ဟိုကောင်လေးကို တစ်ချက်ကြည့်လိုက်အုံး..*

လှဲကျနေတဲ့ မာန်ထိုက်ကိုယ်ကို ဆွဲမကာ..
အရင်ဆုံးနှိုးကြည့်မိသည်..
ရင်ဘက်ပေါ်က စီးကျနေတဲ့သွေးတွေကိုမြင်မှ ဝဏ လန့်သွားကာ...မာန်ထိုက် ကိုယ်ကို မနိုင်မနင်းဆွဲထူလိုက်သည်..

*စိုင်း...မင်းအဲ့ကောင်လေးကို ခေါ်လာခဲ့လိုက်*

ဝဏ ​ခြေလှမ်းတွေက ကားဆီဉီးတည်ကာ..မာန်ထိုက်ကိုယ်ကိုကားနောက်ခန်းဆီ အသာထည့်လိုက်သည်..

မေ့မျောနေဟန်တူသော ကောင်လေးကိုယ်ကိုလည်း မာန်ထိုက်ဘေးတွင် အသာချလိုက်ပြီး..စိုင်းနဲ့ဝဏ.. ဆေးရုံကြီးဆီမောင်းထွက်ခဲ့သည်..

တစ်လမ်းလုံးလည်း..စိုးရိမ်နေဟန်ပေါ်တဲ့ စိုင်းက စိတ်မချနိုင်စွာ..ကားနောက်ခန်းထဲက လူနှစ်ယောက်ကို တစ်ချက်တစ်ချက်ကြည့်ပြီး..ပါးစပ်ကလည်းတစ်ခုခုကိုရွတ်နေသေးသည်..

ဝဏရဲ့ ကားမောင်းskillကြောင့်..ဆေးရုံကြီးအတွင်းသို့ အလျင်အမြန်ရောက်ရှိလာကြသည်..

ဝဏက မာန်ထိုက်ကိုယ်ကို ဆွဲထူလျက် ဆေးရုံအတွင်းသို့ဝင်လာပြီး..စိုင်းကလည်း..ထိုကောင်လေးကိုယ်ကို ဆွဲထူကာ ဆေးရုံအတွင်းသို့ဝင်ခဲ့ကြသည်...

သူတို့နှစ်ယောက် ဆေးရုံအထဲသို့ဝင်လာချိန်မှာတော့..nurseများနဲ့ အခြား drများက အံ့သြ သလိုစိုက်ကြည့်လာကြသည်..

*shitt!!*
*ငါ့သူငယ်ချင်းသေတော့မယ်..မင်းတို့စိုက်ကြည့်ကောင်းတုန်းလား..*

ဝဏ စိတ်တိုစွာ...ပိတ်အော်လိုက်တော့..ဆေးရုံထဲက drများနဲ့nurseများ
ပြာပြာသလဲ ဖြစ်သွားကြသည်..

Crazy love (Complete) Where stories live. Discover now