(13)

8.3K 444 2
                                    

ညနေ ရုံးဆင်းချိန်ရောက်တော့ ခန့်မင်း
အမြန် fileတွဲတွေလက်စသက်ကာ
ကောင်လေးဆီသွားရန်သာ..စိတ်ရောက်နေခဲ့သည်..

CEO..ဒီည..Flight company နဲ့ ညစာ စားဖို့ချိန်းထားသေးတယ်..အဲ့တာ ကျွန်တော်လိုက်ခဲ့ပေးဖို့လိုလား...

ငါ မသွားတော့ဘူး..မင်းလည်းပြန်လို့ရပြီး

ခန့်မင်းfileတွဲတွေသိမ်းလိုက်ပြီး. ကားသော့ယူကာ..ပြန်ဖို့လောနေခဲ့မိသည်

မရဘူးလေ..CEO.. အဲ့companyနဲ့ကပထမဉီးဆုံးအချိန်လက်တွဲလုပ်တာဆိုတော့ မျက်နှာပျက်စရာတွေဖြစ်ကုန်လိမ့်မယ်

ငါညနေမအားဘူး...မင်းသူတို့ကိုတောင်းပန်းကြောင်းလှမ်းပြောပြီး..နောက်တစ်နေ့မှ ငါသူတို့ကိုညစာလိုက်ကျွေးမယ်...

ခန့်မင်း ဝန်ထမ်းကောင်လေးကိုပြောပြီးပြီးချင်း company ကထွက်လာခဲ့တော့သည်..

ကားကို တိုက်ခန်းအောက်မှာ ရပ်လိုက်ပြီး..ကောင်လေးအခန်းဆီ တတ်သွားခဲ့သည်

ဒေါက်..ဒေါက်..

လင်းလက်..အိပ်ပျော်နေတာများလား..
ဖုန်းကိုထုတ်ပြီးဆက်ဖို့လုပ်ပေမဲ့ တံခါးဖွင့်သံကြောင့် ကြည့်မိလိုက်သည်

မာန်ထိုက်...မင်း..ဘယ်လိုလုပ်ဒီရောက်နေတာလဲ..
ခန့်မင်း...စိတ်အနည်းငယ်တော့ တိုမိသွားသည်..ဒီကောင်က..ဘယ်လိုလုပ်ဒီရောက်နေတာလဲ..

ဟက်..ဘယ်သူများလဲလို့

မာန်ထိုက်ရှေ့မှာ ရှိနေတဲ့ခန့်မင်းကို ဂရုမစိုက်သလိုအကြည့်မျိုးကြည့်ကာ..မျက်ခုံးကိုလည်းတွန့်ချိုးထားမိသည်..

ခန့်မင်း စိတ်မရှည်တော့ဘဲ တံခါးပေါက်မှာပိတ်ရပ်နေတဲ့မာန်ထိုက်ကိုယ်ကိုဝင်တိုက်ကာ တိုက်ခန်းထဲ ဝင်သွားမိသည်...

လင်းလက်ကို ရှာကြည့်မိတော့sofaပေါ်မှာအိပ်ပျော်နေဆဲဖြစ်တဲ့ ကောင်လေးကိုတွေ့မှသက်ပြင်းချနိုင်မိသည်...

ဒီကောင်လေးခုထိအိပ်နေတာ ပိုဆိုးကုန်တော့မှာပဲ..

ခန့်မင်း..sofaနားကပ်သွားကာ ကောင်လေးလက်ကို ကိုင်ပြီးလှုပ်နှိုးမိသည်..

Crazy love (Complete) Where stories live. Discover now