(28)

8.9K 326 23
                                    

နေရောင်တွေ ပူပြင်းနေတဲ့လမ်းမထက်..ကောင်လေးတစ်ယောက် ဖိနပ်မပါစွာ
လျှောက်လှမ်းလို့လာခဲ့သည်..

ခမ်းမ ကနေ ပြေးထွက်လာပြီး....မျက်စိထဲ မြင်မိတဲ့လမ်းအတိုင်း လာလိုက်မိသည်..

အလျင်စလိုဖြစ်နေမိသောကြောင့် ကိုယ့်ကို ကိုတောင်သတိမထားမိဘဲ ဖိနပ်မပါမှန်းတောင်ဂရုမစိုက်နိုင်

လင်းလက်တစ်ယောက် ပူပြင်းနေသောနေရောင်ကြောင့် နဖူးထက် ချွေးစလေးများပင် စီးကျလို့လာလေပြီး

သူစိတ်ကူးထားတာက ဒီမြို့ကနေထွက်သွားပြီး..သူရဲ့ရွာကလေးဆီပဲ အပြီးပြန်တော့မလို့ပင်..

ဒီမှာဖြစ်ပျက်ခဲ့သမျှ ကိစ္စ တိုင်းကိုသူမေ့ပစ်ချင်ပြီး..
ဟိုလူ့ကိုလည်း မျက်နှာချင်းမဆိုင်ချင်သေးပေ..

သူ့ရင်ထဲမှာ အဲ့လူအတွက် ခံစားချက် ရှိနေပြီးဆိုပေမဲ့..သူကိုယ်တိုင်အဲ့လူဆီပြန်မသွားချင်ပေ..

အဲ့လူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို သူခွင့်လွှတ်လို့မရသေးပေ..

လမ်းမလေးထက် အရှိန်နဲ့ ဝင်ရောက် ပိတ်ရပ်လာသော ကားအနက်ရောင်လေးကြောင့်
လင်းလက် ခြေလှမ်းတွေရပ်တန့်သွားရသည်..

ကားမှန်ကိုချကာ သူ့ကိုစိုက်ကြည့်နေသော ထိုမိန်းကလေးကို လင်းလက်တစ်ခါမှမမြင်ဖူးချေ..

တစ်ခေါင်းလုံးအဖြူရောင်ဆိုးထားကာ ဆံပင်ဂုတ်နားထိ ရှိနေသော ထိုမိန်းကလေးက သူ့ကိုကားထဲကနေ ခေါင်းအစခြေအဆုံး
စိုက်ကြည့်လို့လာသည်

ထိုမိန်းကလေး လက်ဟန်လုပ်ပြလိုက်သော်အခါ ထိုကားနောက်မှ ထွက်လာသော လူကောင်တောင့်တောင့်နှစ်ယောက်က
ကျွန်တော့်ဆီ လျှောက်လှမ်းလို့လာသည်..

*ဘယ်သူတွေလဲ*

သူမေးတာကိုပြန်မဖြေဘဲ သူ့ဆီသာ လာနေသော လူနှစ်ယောက်ကြောင့် လင်းလက် စိတ်ထဲအခြေအနေမဟန်သာနဲ့ နောက် လှည့်ပြီးပြေးဖို့လုပ်ခဲ့သည်..

ချက်ချင်းဆိုသလို..ထိူလူနှစ်ယောက်ရဲ့ လက်ထဲ လင်းလက် ကိုယ်လေး ဖမ်းမိလို့သွားခဲ့သည်..

Crazy love (Complete) Where stories live. Discover now