(25)

7.7K 405 41
                                    

ခြံအကျယ်ကြီးအတွင်းမှာ..ခပ်မှိုင်မှိုင်လေးထိုင်နေသော ကောင်လေးတစ်ယောက်

ရာသီဉတုမှာလည်း ဒီနေ့မှမိုးအုပ်အုပ်လေးဖြစ်နေသည်..
လေပြေတွေတိုက်ခက်နေမှုကြောင့် ထိုကောင်လေးရဲ့ဆံသားခပ်အုပ်အုပ်လေးမှာ အနည်းငယ်ပွနေသယောင်ပင်

​သူကိုယ်တိုင်စိုက်ထားတဲ့ အပင်လေးတွေကို
ခံစားချက်မပါသကဲ့သို့စိုက်ကြည့်နေမိသည်..

မနက်ဖြန်ဆို သူလက်ထပ်ရတော့မယ်..
ခုထက်ထိ သူ့မှာအဖြေမရှိသေး..
အရာအားလုံးပြည့်စုံနေပြီးကိုယ့်အပေါ် လိုလေသေးမရှိထားပေးနိုင်တဲ့သူအပေါ်
ဘာကြောင့်များ..ကျွန်တော်တွန့်ဆုတ်နေမိတာလဲ

သူ့ဘက်သို့နီးကပ်လာသော ခြေသံတွေ
ကြောင့်..သူ့အတွေးတွေကိုအဆုံးသတ်လိုက်ခဲ့သည်..

အပြာရင့်ရောင် လက်ရှည် အကျီနဲ့ဘောင်းဘီအနက်ရှည်ကိုဝတ်ဆင်ထားသော
အကိုခန့်မင်းမှာ ​အရာရာတိုင်းပြည့်စုံလှသည်..

သူ့လို သေးငယ်သောရွာကလေးမှလာတဲ့လူမျိုးကို အကိုခန့်မင်းက လက်ထပ်တော့မည်တဲ့လား..

ဘေးနားလာထိုင်သော အကိုခန့်မင်းကြောင့်
ဘေးသို့အနည်းငယ်ရွေ့ပေးလိုက်သည်

*နေကောင်းရဲ့လား*

အကိုခန့်မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို သူ့မျက်ဝန်းမှတစ်ဆင့်မြင်နေရမိသည်

ခေါင်းလေးကိုအသာငြိမ့်ပြလိုက်တော့ကျွန်တော့်လက်ဖမိုးကိုလာရောက်ဆုပ်ကိုင်သောသူ...

*နေကောင်းရင်..လင်းလက်ပြုံးနေမှပေါ့*
*မနက်ဖြန် လက်ထပ်ပွဲအတွက် စိတ်လှုပ်ရှားလို့လား*

*လင်းလက်သိလား..ကိုယ်ကတော့ ဒီညအိပ်ပျော်မယ်မထင်ဘူး..*

ကျွန်တော့်ဘက်ကြည့်လာကာ..စိတ်လှုပ်ရှားမှုအပြည့်နဲ့ပြောလာသောအကိုခန့်မင်းကိုကျွန်တော် ခပ်ထွေထွေလေးပဲကြည့်နေခဲ့မိသည်

*လင်းလက်..*

အကိုခန့်မင်းနာမည်ခေါ်လိုက်တော့ ကျွန်တော်ပြန်ထူးမိသည်..

*အင်

ကျွန်တော်မျက်နှာနားနီးကပ်လာပြီးအကို
ခန့်မင်းရဲ့အသက်ရှုငွေ့ကိုပင်ခံစားမိလာသည်

Crazy love (Complete) Where stories live. Discover now