ကျစ်**

ငါဘာလို့မကောင်းတဲ့ကောင်အကြောင်းတွေးနေမိတာလဲ..
သူဘာပဲဖြစ်ဖြစ်ငါနဲ့မှမဆိုင်တာ..

drမြတ်သွေးအောင်..

နောက်ကနေ ပြာပြာသလဲ လှမ်းခေါ်လာသော nurseကြောင့် လှည့်ကြည့်မိသည်

dr operation ခန်းထဲဝင်ရမယ်.. လူနာ
ဉီးခေါင်းထိထားတယ်

ငမှန်ခုချိန်operation ခန်းထဲ မဝင်ချင်ပေ..
ကိုယ်တိုင်စိတ်ရှုပ်နေတဲ့အချိန်ဖြစ်တာ
ကြောင့်တစ်စုံတစ်ခုမှားယွင်းသွားမှာစိုးလို့ပင်

ငြင်းမလို့ပြင်ချိန်မှာပဲ nurseမလေးက စကားဖြတ်ပြောသွားသည်..

dr မြန်မြန်လာပေးပါ..အခြားdrတွေ တစ်ယောက်မကျန်မအားလို့ပါ

ဒီနေ့ ကန်ထရိုက် လုပ်တဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်မှာမတော်တဆဖြစ်ကြလို့....
ဝန်ထမ်းတွေတော်တော်ထိသွားကြတယ်

ထိုnurseပြောတဲ့စကားကြောင့် ငမှန် ဆေးရုံအတွင်းသို့မပြေးရုံတမယ်ဝင်သွားသည်..

ဆရာဝန်ဆိုတာpersonalနဲ့ အလုပ်ကို သပ်သပ်စီခွဲခြားထားနိုင်ရမယ်...

ငမှန်စိတ်ပြင်ဆင်ကာ...operationအခန်းထဲသို့ဝင်သွားခဲ့သည်..

nurse ဓားအပါးလေး..

ဂွမ်းလေးနည်းနည်း...

ငမှန် နဖူးထက် ချွေးစလေးများပင်ထွက်လို့လာခဲ့သည်..

dr.. လူနာ ​သွေးခုန်နှုန်း ကျနေတယ်

Atropine Sulfate Injectionထိုးမှရမယ်..မြန်မြန်..ယူလာပေး..**

ငမှန် စိုးရိမ်သွားကာ လက်ဖျားလေးများပင် အေးစက်လာခဲ့သည်..

ဆေးထိုးလို့အပြီး... လူနာရဲ့သွေးခုန်နှုန်းကအစပိုင်းအနည်းငယ်တတ်တယ်ဆိုပေမဲ့ ရုတ်တရက်.. ပြန်ကျသွားသော ကြောင့် ငမှန်နှင့်ဘေးရှိnurseများကပင် မျက်လုံးများပြူးကြ ကုန်လေသည်..

တီ..တီ...တီ..

နှလုံးခုန်နှုန်းရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက်...ငမှန် လူနာရဲ့ရင်ဘက်ကို အကြိမ်ကြိမ် ဖိတွန်းကာ နှလုံးပြန်ခုန်အောင်လုပ်ဆောင်နေခဲ့မိသည်..

Crazy love (Complete) Where stories live. Discover now