*အကို ခန့်မင်းကလည်း..ဘာတွေလျှောက်ပြောနေတာလဲမသိဘူး*

မနေတတ်သလိုဖြစ်နေတဲ့ ထိုကောင်လေးကို ခန့်မင်းမစတော့ဘဲ မျက်နှာသစ်ပြီးအောက်ဆင်းလာရန် ပြောခဲ့ပြီး..ထိုအခန်းလေးထဲမှ ထွက်ခဲ့သည်

*ကိုယ်အောက်မှာစောင့်နေမယ်နော်*

အကိုခန့်မင်းထွက်သွားတော့မှ.. အိပ်ရာပေါ်မှ ထကာ..မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ဝင်သွားခဲ့သည်

ခန့်မင်းအောက်ထပ်ရဲ့မနက်စာဝိုင်းထဲမှာ..ထိုကောင်လေးကို ထိုင်စောင့်နေမိသည်

အဖေ ကတော့ ဘေးကထိုင်ခုံမှာ စာအုပ်တစ်အုပ်ဖတ်ကာ ကော်ဖီ သောက်နေလေပြီး..
သူကတော့ထိုကောင်လေး အလာကိုသာ
စောင့်နေမိသည်

ဉီးမင်းထိုက်တစ်ယောက် သူ့ရှေ့မှာ ထိုင်နေတဲ့သားဖြစ်သူကိုတစ်ချက်ကြည့်မိသည်

နာရီကိုလှမ်းကြည့်လိုက် လှေကားကိုလှမ်းကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့သားဖြစ်သူကို
မနေနိုင်စွာ ဝင်ပြောမိသည်

*သားခန့်မင်း..နောက်ကျနေရင်လည်းစားစရာရှိတာစားပြီး သွားတော့လေ*

*အဖေကလည်း..သားနောက်မကျပါဘူး*

ဉီးမင်းထိုက် ဘာမှဝင်မပြောတော့ဘဲ ဖတ်လက်စစာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်..

ခဏအကြာ..လှေကားမှဆင်းလာသော ထိုကောင်လေးကြောင့် ခန့်မင်းကော်ဖီအိုးကိုယူကာ ထိုကောင်လေးခွက်ထဲကို ထည့်ပေးလိုက်သည်..

သူ့ရှေ့ထိုင်ခုံမှာ ဝင်ထိုင်လာပြီး..အဖေကိုနှုတ်ဆက်နေတဲ့ထိုကောင်လေးမျက်နှာကိုသာငေးမောကြည့်နေခဲ့မိသည်..

*အဘ..ကျွန်တော်နည်းနည်းလေးကြာသွားလို့တောင်းပန်ပါတယ်*

*မဟုတ်တာ ဉီးလေးကဘာမှမဖြစ်ပါဘူး..
သားလင်းလက်ရဲ့ရှေ့ကဉီးသားကိုသာ​ပြော*
*သူသားမလာမချင်းထိုင်စောင့်နေတာ*

အဖေကထိုသို့ပြောလိုက်တော့အရှေ့ကကောင်လေးရဲ့မျက်ဝန်းတွေကကျွန်တော့်ဆီရောက်လာခဲ့တယ်

*အကိုခန့်မင်း ကျွန်တော်တောင်းပန်တယ်နော်*
*အကိုကျွန်တော့်ကိုမစောင့်ဘဲအရင်စားနှင့်ထားလို့ရပါတယ်*

Crazy love (Complete) Место, где живут истории. Откройте их для себя