*မာန်ထိုက်သိရင်..ငမှန်မင်းမလွယ်လောက်ဘူး*

*ငါအဲ့ကောင်လေးကိုမကယ်နိုင်ရင်...ကယ်နိုင်တဲ့သူကိုပြောရမှာပဲ*

စိုင်းနဲ့ဝဏ ခဏသာ အသံတိတ်သွားခဲ့ရသည်..သူတို့သူငယ်ချင်းကဆရာဝန်ပီပီ..လူတစ်ယောက်ရဲ့ဘဝကိုတန်ဖိုးထားတတ်လေသည်..
နောက်ဘာဆက်ဖြစ်မလဲဆိုတာ.. သူတို့နှစ်​ယောက်လုံးမတွေးတတ်တော့ပေ..

တိတ်ဆိတ်နေတဲ့အိမ်ကြီးရဲ့အခန်းငယ်လေးအတွင်း..ကောင်လေးတစ်ယောက်ရဲ့ရှိုက်သံဟာ ကျယ်လောင်စွာပေါ်ထွက်နေခဲ့သည်

လင်းလက်တစ်ယောက်နေ့လည်က အောက်ထပ်မှာ လူသံတွေကြားလို့ အကူညီ ရလိုရငြား အော်ပြီးအကူညီတောင်းခဲ့မိသည်..

ကံတရားက မျက်နှာသာ မပေးခဲ့..ဒါအတွက်သူရလိုက်တဲ့ အရာက ဟိုမကောင်းဆိုးဝါး ရိုက်နှက်ခြင်းကိုခံရသည်တဲ့လား...

ခါးဘက်နဲ့ရိုက်ထားခြင်းကြောင့် လင်းလက်ခြေတစ်လုံးတစ်လျှောက် နီရဲနေသောအစင်းကြောင်းများ နှင့်သွေးစလေးများပင်ထွက်လို့လာခဲ့သည်

ကျစင်းလာသော မျက်ရည်များကို
မထိန်းချုပ်နိုင်ဘဲ ကျစင်းခွင့်ပေးလိုက်သည်

ကုတင်ပေါ်မှာထိုင်ကာ ဒူးလေးပိုက်ပြီး ထွက်နေသောသွေးစတွေကိုဂရုမစိုက်ဘဲ ငိုသာငိုချင်နေခဲ့မိသည်

ဂျောက်***

တံခါးဖွင့်သံကြားရသော်လည်း..လင်းလက် မကြည့်မိခဲ့..ပါးပြင်ပေါ်ကျနေသောမျက်ရည်စများကိုသာ သုတ်ချခဲ့မိသည်..

ကုတင်ပေါ်လာထိုင်လာသော ဟိုလူကြောင့် လင်းလက် နောက်သို့အနည်းငယ်ရွေ့မိသည်..

ဘာမှမပြောစွာ လင်းလက်ခြေထောက်ကို ကိုင်လာသော ထိုလူ့လက်ကြောင့် လင်းလက်ရုန်းမိလိုက်သည်..

သူ့လက်ဖဝါးကြီးနဲ့ ခြေထောက်ကို တင်းကြပ်စွာကိုင်ထားမှုကြောင့် သိပ်တော့အရာမထင်ခဲ့ပေ..

ငြိမ်ငြိမ်နေ***

ထိုသူ့ရဲ့အသံစူးစူးတွေရဲ့အောက်မှာ
ကျွန်တေ့ာ် ခန္ဓာကိုယ်ငြိမ်ကျလို့သွားရပြန်သည်..

Crazy love (Complete) Where stories live. Discover now