အခန်း၁၇၁

Start from the beginning
                                    

ကျီဖန်ယင်းက "ဒီအခြေအနေမှာ ပျော်ပါးနေလို့ရပါတယ်။ သူအားကိုးတာကိုခံပြီး လိုက်လျောညီထွေနေလိုက်တာက ရွေးချယ်လို့ရတာတစ်ခုပဲ။ ဒါပေမဲ့ ရှင်သူ့ရဲ့ခံစားချက်​တွေကို လက်မခံဖို့ကို ရွေးချယ်မယ်ဆိုရင် သူ့စိတ်ထဲက မလွယ်ကူတဲ့ခံစားချက်ကို တွန်းအားပေးမိသွားပြီး ရှင့်ကိုပိုအာရုံစိုက်လာနိုင်တယ်။"

လီရှောက်ရှင်း တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် တည်ငြိမ်သောလေသံဖြင့် "ဒုတိယတစ်ခုကိုရွေးတယ်ဆိုရင် ငါဘာလုပ်ရမလဲ"

ကျီဖန်ယင်းသည် လီရှောက်ရှင်း၏စရိုက်က ထူးဆန်းလွန်းသည်ဟု တွေးမိသည်။

သူ့ရဲ့ ပင်ကိုယ်သဘာဝလည်း ဖြစ်နိုင်သလို သူ့ခြေထောက်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့် သူ့ပတ်ဝန်းကျင်က အရာအားလုံးကို ထိန်းချုပ်နိုင်ချင်တဲ့ဆန္ဒဖြစ်ပေါ်လာတာဖြစ်နိုင်သည်။ ဒါမှမဟုတ် နှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်တာပဲ။

ဘယ်လိုပဲဖြစ်ပါစေ လီ​ရှောက်ရှင်း၏ ပါးနပ်မှုများသည် ကျီရှင်းရှင်းနှင့်ယှဉ်လျှင် မလျော့ဟု သူမထင်ပါသည်။

ကျီဖန်ယင်းသည် ကျီရှင်းရှင်း၏လှည့်ကွက်များကို ဖျက်ဆီးပြီး အခြေအနေအမျိုးမျိုးကို မည်သို့ရင်ဆိုင်ရမည်ကို ရှင်းပြခဲ့သည်။ သူနားလည်ကြောင်း သေချာစေရန်အတွက် သူမသည် ဉာဏ်စမ်းကိုပင် သုံးခဲ့သေးသည် "အဲ့တော့ အားလုံးထဲမှာ အရေးကြီးဆုံးက ဘာလဲ။"

"... ငါသူ့ကို ကတိပေးလို့မရဘူး" လီ​ရှောက်ရှင်းသည် ကျောင်းသားကောင်းတစ်ဦးဖြစ်သည်။

"ဟုတ်တယ်" ကျီဖန်ယင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူမ အတန်းဆင်းတော့မည့်အချိန်တွင် လီရှောက်ရှင်းသည် "သူငါ့ကို အရင်တုန်းကဆက်ဆံခဲ့သလိုမျိုး" ဟု ရုတ်တရက် ထပ်ပြောလာသည်။

ကျီဖန်ယင်းသည် သူမ၏လျှပ်စစ်သွားတိုက်တံကို ကိုင်ကာ မှန်ထဲတွင် ထင်ဟပ်နေသော မျက်နှာကို စစ်ဆေးလိုက်သည်။ သူမ၏အမူအရာများကို ကောင်းစွာထိန်းချုပ်ထားသရွေ့ သူမနှင့် ကျီရှင်းရှင်းအကြားတွင် သိပ်ကွဲပြားမှုမရှိပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now