ငါဒီခွေးကောင်လေးနဲ့ ဒုက္ခ ခံနေရတာ

စိုင်းကသူ့ပုခုံးပေါ်တင်ထားတဲ့ ဝဏ လက်ကိုဖယ်ထုတ်လိုက်ပြီး.. ဘေးနားကလူကို နဂါးမျက်စောင်းထိုးလာခဲ့တယ်...

ဒီကောင်ပြောတာမယုံနဲ့...
ငါတို့ မိုးကုတ်ရောက်နေတာ..

မိုးကုတ်..မင်းတို့ဘာသွားလုပ်တာလဲ..

ငမှန်က နားမလည်သလို စိုင်းဘက်ကိုကြည့်ပြီး မေးလာခဲ့သည်

ဒီလိုကွာ..ငါ့အဖေက မိုးကုတ်မှာ ကျောက်စိမ်းမှာထားတယ်ဆိုလို့ သွားကြည့်ပေးနေရတာ
အဲ့တာကို ဒီကောင်ဝဏက သူ့ကိုမခေါ်ဘဲအတင်းလိုက်ခဲ့တာလေ..
ဟိုရောက်တော့..ဗွက်အိုင်ထဲမှာကားကပျက်..
ကျောက်စိမ်းတွေကလည်း အတုတွေ..
အဲ့က ရောင်းလိုက်တဲ့သူနဲ့ ပွဲစားကို သွားချလိုက်ရသေးတယ်

အဲ့တာကိုကွာ...တစ်လမ်းလုံး ဒီကောင်ဝဏက ပြောလို့မပြီးတော့ဘူး...

မင်းစဉ်းစားကြည့်ငမှန်...ငါ့ ဒုက္ခ ကိုဒီကောင်ခံတာလား ဒီကောင် ဒုက္ခ ကိုငါပဲခံနေရတာလား မသဲကွဲတော့ဘူး

စိုင်းအပြောကြောင့် ငမှန်ရယ်မိသွားသည်..ဒီကောင်တွေ ငယ်ငယ်ကအတိုင်းပဲ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းမတည့်
ပြီးရင်သူတို့နှစ်ယောက်ပဲ ​ပြန်အဆင်ပြေတာ

ထားလိုက်တော့.. ဒါနဲ့ မင်းတို့မာန်ထိုက်နဲ့တွေ့ဖြစ်သေးလား

မတွေ့ဖြစ်ဘူး..ဒီကောင်လည်းပျောက်နေတာ..အဆက်သွယ် တောင်မလုပ်ဘူး

မင်းတို့နှစ်ယောက် မာန်ထိုက်အကိုရဲ့ချစ်သူကိုသိကြလား...

ငမှန်အမေးကြောင့်ရှေ့က နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်နေကြသည်...ငမှန်သိလိုက်ပြီးဒီကောင်တွေတစ်ခုခုပဲ

မသိပါဘူး..ငါတို့ဘာလို့သိရမှာလဲ

စိုင်း က ချက်ချင်းထဖြေကာ..ဝဏ ကိုလည်းတစ်ချက်စောင်းကြည့်လိုက်သည်

စိုင်း..မင်းမျက်လုံးက လိမ်နေတာမှန်းငါမသိဘူးဆိုတော့...

ငမှန်က ထပြောလာကာ..စိုင်းလက်ထဲက beerဘူးကိုဆွဲလုလိုက်သည်...

Crazy love (Complete) Where stories live. Discover now