အပိုင်း-20

165 26 10
                                    

#Uni

"ပြန်တော့ ''

"ဆင်းလာကတည်းက ပြန်ဖို့တွေးကိုမတွေးထားတာ ''

"နင် ''

"ကိုယ့်မှာအခုဘာမှမရှိတော့ဘူး ''

"...''

"အခုမင်းကပါကိုယ့်အတွက်မရှိပေးရင် ကိုယ့်ဘဝက သိပ်သနားစရာကောင်းမနေဘူးလား ''

သူ့ကိုလက်ညှိုးထိုးပြီးဆူမယ့်လူကို လက်လာကိုင်ပြီး ကလေးတယောက်လို ချွဲနေတဲ့စေလိုရာစေအား စိုက်ကြည့်လိုက်ပြီး အခုလက်ရှိ ကိုယ်က ဘယ်လိုဇာတ်ကောင်မျိုးလဲဆိုတာတောင် မတွေးတတ်တော့။

"ဘာလို့ငါ့ကိုရွေးတာလဲ ''

"ချစ်လို့ ''

"နင်ချစ်ရမှာ ငါမဟုတ်ဘူးလေ ''

"ပြော ဒါဆိုကိုယ် ဘယ်သူ့ကိုချစ်ရမှာလဲ ''

"ငါကမိန်းမမဟုတ်ဘူး ''

"ရတယ်လေ...ယောကျားချင်းချစ်တာလည်း ရှိကြသေးတာပဲဟာ ''

"နင်ကအကွေးလား ''

"အကွေးဘာညာမသိပေမယ့် မင်းကိုချစ်ရလို့ကွေးတယ်ဆို ကွေးပါစေပေါ့ ''

"မဟုတ်သေးပါဘူး...ငါဝင်လာတဲ့ normal ficထဲပါ ''

"ဟင်...ဘာfic ဘာပြောနေတာလဲ ''

"ထားလိုက်...နင်သာပြန်စမ်းပါ ''

အတင်းနှင်ထုတ်နေလို့နဲ့တူပါရဲ့။ နှုတ်ခမ်းကြီးကဆူသယောင်ယောင်ဖြစ်လာပြီး ကိုင်ထားတဲ့ကိုယ့်လက်ကိုတောင် လွှတ်လိုက်လေပြီ။ ပြီးတော့ တဖက်ကိုလှည့်​နေပြီး ကိုယ့်ကိုကျောပေးရင်း

"အခုလိုလုပ်တာ ကိုယ်ကဘာမှမရှိတဲ့ကောင်မလို့လား ''

"ရား...''

"...''

"ငါကငွေမက်တဲ့ပုံပေါ်​နေလား ဟမ် ''

ပြောလိုက်တော့ အခုနကစိတ်ကောက်တာသူမဟုတ်တဲ့အတိုင်း ကိုယ့်ဘက်ကိုပြန်လှည့်လိုက်ပြီး မျက်နှာကြီးကလည်း ပြုံးဖြီးနေရော။

"သိသားပဲ...မင်းကိုယ့်ကိုမရက်စက်ရက်ဘူးဆို ''

"ငါကသာ မှားတာပါဟာ...နင်မှန်တယ် တကယ်လက်လန်တယ်လို့ ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now