အပိုင်း-2

308 32 8
                                    

#Uni

"ဒီ...ဒီနေရာက အမှိုက်သင်္ချိုင်းကြီးများလား''

ကြည့်ပါအုံး။ ဧည့်ခန်းကဆိုဖာမှာလည်း ဝတ်ပြီးသားကိုမှ ချွတ်ထားတဲ့အဝတ်အစားတွေဆိုတာဟာလေ တောင်လိုပုံလို့။

"နေစမ်းပါအုံး။ ဒါကိုအိမ်လို့ရော ခေါ်လို့ရရဲ့လား ''

အမြန်သွားပြီး အဝတ်အစားတွေကိုသိမ်းမယ်လုပ်နေတုန်း။

[ဇာတ်ကောင်ရဲ့အကျင့်စရိုက်နဲ့ ဆန့်ကျင်သောအရာများ မလုပ်ရ။ ]

"ရုတ်တရက်ကြီးပါလား ''

နားထဲကျယ်လောင်စွာ ကြားလိုက်ရတဲ့အသံကြောင့် မျက်နှာလေးတောင်မဲ့သွားရတဲ့အထိ။

"မတတ်နိုင်ဘူးဟာ...ခုလိုနေရာမျိုးမှာတော့ မနေနိုင်ဘူး သိလား''

အမြဲအတော်အတန် အသန့်ကြိုက်တဲ့လူသားတယောက်အနေနဲ့ အဝတ်အစားတွေကိုလိုက်စုပြီး သိမ်းနေတုန်း။ ဆေးရုံအပေါက်ဝမှာလို ဓာတ်လိုက်ပြီး ကြမ်းပြင်ပေါ်ပစ်လဲသွားရုံမက သတိပါမေ့သွားတဲ့အထိ အပြစ်​​ပေးခံလိုက်ရသတဲ့လေ။

"ငါ့ခွီး system ''

++++++++++++++++++++

"ဒါ ငရဲပြည်ပဲဖြစ်ရမယ်...ငါငရဲကျနေတာများလား ''

ဖြစ်သင့်ရဲ့လား။ တအိမ်လုံးရှုပ်ပွနေပြီး ဖြစ်သလိုနေတတ်တဲ့ဇာတ်ကောင်ဆို တော်ပြီပေါ့။ အခုဟာကအဲ့လောက်နဲ့တင် အားမရဟန်နဲ့တူပါရဲ့။

"ဒီဆံပင်ရောင်မျိုး မြင်ဖူးကြရဲ့လား ''

ရေချိုးခန်းက မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ဇာတ်ကောင်ပုံကို ကိုယ်ပြန်ကြည့်ရင်း တစ်စတစ်စငိုချင်စိတ်တွေ တဖွားဖွားပေါ်လာမိတဲ့အထိ။

"ဒီစာရေးဆရာက ဒီဇာတ်ကောင်ကို ဘယ်ကတည်းက ဘယ်အငြိုးတွေနဲ့များ ဖန်တီးထားခဲ့ပါလိမ့်''

အရောင်နှစ်ရောင်စပ်ကိုမှ သူများတွေလို လှတပတလေးဆိုးထားရင် မပြောလိုပါဘူး။ ခုဟာက အရှေ့ဆံပင်ကိုကျခရမ်းရောင်ဆိုးထားပြီး အနောက်ကအပြာရောင်ကြီးတဲ့လေ။

"ငါ့ခွီး...ရုပ်​လေးကယ်သွားလို့သာပေါ့..မဟုတ်ရင် ဘယ်ကအရူးမကြီးလဲလို့ ပြောယူရမဲ့အဖြစ် ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now