အပိုင်း-23

152 22 8
                                    

#Uni

"ကိုယ်အပြင်ခဏသွားအုံးမယ် ''

"အင်း အမြန်ပြန်လာနော် ''

မွေ့ယာပေါ်မှာ ဖုန်းကြည့်နေတဲ့ကိုယ့်အား နဖူးလေးလာနမ်းတာကြောင့် အပေါ်ကိုမော့ကြည့်လိုက်တော့ နှုတ်ခမ်းကိုပါ ဖွဖွလေးနမ်းလိုက်ရင်း။

"ဘာဝယ်လာခဲ့ရမလဲ ''

"မလိုဘူး...ပိုက်ဆံလျော့သုံးရမယ်လေ...ခင်ဗျားကြီးသာ စားချင်တာတစ်ခုခုဝယ်စားလာခဲ့ ''

"ကိုယ်က မင်းမပါဘဲ ဘယ်စားဝင်ပါ့မလဲကွာ ''

"အမယ် ခင်ဗျား ငါနဲ့မတွေ့ခင်က ဘာမှမစားဘဲနေခဲ့လို့လား ''

"အစွာလေး...ခင်ဗျား ခင်ဗျားနဲ့ သိပ်ရန်တွေ့ချင်နေတယ် ဟုတ်စ ''

"သွားစရာရှိတာ သွားဗျာ လစ် ''

"ကိုယ်သွားပြီ...ဘာမှလုပ်မနေနဲ့နော် ပန်ကန်တွေကိုယ်ပြန်လာမှဆေးလိုက်မယ် ''

ပြောပြီး စေလိုရာစေထွက်သွားတာ သေချာမှ ဖုန်းကိုထုတ်လိုက်ပြီး တယောက်ယောက်အား ဖုန်းခေါ်လိုက်တယ်။

"ဟယ်လို မမနီလား...ကျွန်တော်ပါ။ အခုအပေါ်တက်လာပေးပါလား။ စေလိုက အပြင်ထွက်သွားပြီရယ်။ သူမရှိတုန်းလေး လုပ်ရမှာမလို့ အမြန်လာပေးပါနော် ''

ပြောစရာရှိတာပြောပြီး အမြန်ဖုန်းချလိုက်ရတယ်။ ဖုန်းဘေလ်တွေက စျေးတက်နေပြီလေ။ မွေ့ယာကနေထလိုက်ပြီး ကိုယ့်ပစ္စည်းတွေထားတဲ့ဆီ သွားထိုင်လိုက်ရင်း စျေးကြီးတဲ့အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ရွေးနေမိတယ်။

"ဒီနားကပ်ဆို စျေးအတော်ရမှာ ''

စိန်နားကပ်လေးကို ဘေးဖယ်ထားလိုက်ပြီး အထုတ်တွေကိုဖွနေတုန်း Boxအကြီးကြီးတစ်ခုကိုတွေ့လိုက်ရတယ်။ Boxပေါ်မှာလည်း မထိရလို့ရေးထားတဲ့စာကလေးတောင် ကပ်ထားတာကြောင့် ဖွင့်ကြည့်မလိုလုပ်နေချိန်။

"ကမ္ဘာလေးရေ...မမရောက်ပြီ။ ကလေးရေ တံခါးဖွင့်ပါအုံး ''

"အယ် လာပြီနဲ့တူတယ်...လာပြီ မမနီရေ ခဏလေးနော်ဗျ ''

Boxကြီးကိုနောက်မှ ကြည့်ကြတာပေါ့လေ။ အခုထိုင်ရာကနေထလိုက်ပြီး မမနီဆီပြေးသွားလိုက်ရင်း။

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now