အပိုင်း-3

246 27 4
                                    

#Uni

"ငါသေသွားပြီလား ''

"တကယ်သေသွားရင် ငါအရင်ပျော်မိမှာ ''

ဘယ်သူ့အသံတုန်းဟ။ လှဲနေတဲ့အနေအထားကနေ ကောက်ထိုင်လိုက်ပြီး ပတ်ဝန်းကျင်အနေအထားကို ရှိုးလိုက်တော့။ ကျောင်းဆေးပေးခန်းက ကုတင်ပေါ်ရောက်နေတဲ့အပြင် ကိုယ့်ဘေးမှာပါ လူနှစ်ယောက်ရောက်နေလို့ အံ့သြမယ်ကြံရုံရှိသေး။

[အတိတ်ဆီ အလည်တခေါက်]

'သောက်ကျိုးနည်း... ခုနကကျ ဘယ်သွားသေနေတာတုန်း...ဒီsystemကအရင်ဘဝကငါ့ရန်သူများလား'

[အတွေးတွေရပ်ပြီး ချက်ချင်းအတိတ်မှတ်တမ်းကိုကြည့်ပါ။ မဟုတ်ပါက ပြစ်ဒဏ်]

ရာဇသံပေးတာ ခံလိုက်ရတာကြောင့် ချက်ချင်းကိုယ့်တွေရှေ့မှာ ပေါ်လာတဲ့ရုပ်ပုံကားချပ်ထဲက ပုံရိပ်တချို့ကို စိုက်ကြည့်လိုက်ချိန်။

"ဗြဲ....ကိုကို ''

ပုံစံကြည့်ရတာ ကလေးမလေးတယောက်ကမြက်ခင်းပြင်မှာ ထိုင်ရက်လေးလဲကျနေသလို နောက်ကလေးမလေးကတော့ လက်သီးကိုစုပ် အံကိုကြိတ်ပြီး မြက်ခင်းပြင်မှာထိုင်ငိုနေတဲ့ကလေးမလေးကို စိုက်ကြည့်နေရှာတယ်။

"​ဟင် ငွေနှင်းလေး ဘာလို့မြေကြီးပေါ်ထိုင်ငိုနေရတာလဲ ''

အဲ့ကလေးမလေးထက် အသက်နည်းနည်းကြီးတဲ့ကောင်လေးတယောက်ကပြေးထွက်လာပြီး ထိုင်ငိုနေတဲ့ကလေးမလေးကို​ ချော့မော့နေလေရဲ့။

"လမင်းက...ဟင့် နှင်းလေးရဲ့အရုပ်ကို ဖျက်ဆီးလိုက်ပြီ ကိုကိုရဲ့ ဗြဲ~~~ ''

ဟုတ်ပါရဲ့။ အခုမှကောင်မလေးလက်ညှိုးထိုးပြတဲ့နေရာလေးကိုကြည့်မိတယ်။ ဝက်ဝံရုပ်လေးဖြစ်မယ့်ပုံနဲ့တူပါတယ်လေ။

အတော်ကိုရစရာမရှိအောင် မရမကဆွဲဖြုတ်ပြီး တစစီလုပ်ထားတာကြောင့် အရုပ်အပိုင်းအစ​လေးတွေတင်မက အထဲကဖော့စလေးတွေကပါ မြေပြင်မှာ ပလူပျံလို့။

"ဟဲ့ လမင်းကမ္ဘာ...ငွေနှင်းလေးဟာကို ဘာလို့ခုလိုလုပ်ရတာလဲ ''

"ငါ့ဘာသာ လုပ်ချင်လို့လုပ်တာဟယ်...နင့်အပူပါလား နတ် စျေး သည် ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now