အပိုင်း-11

171 28 13
                                    

#Uni

"မာလေး စာသေချာလုပ်နော် ''

"ဟုတ်ကဲ့ပါ တီတီစိမ်းရဲ့ ''

"အယ်...ညနေဘာစားချင်လဲ မနုကိုချက်ခိုင်းထားလိုက်မယ်လေ ''

"ရတယ်...မာက တီတီတို့ကျွေးသမျှအကုန်ကြိုက် အကုန်စား ဟီး ''

"အလည်လေး...ဝင်တော့ တီတီစိမ်းလည်း ဆိုင်သွားတော့မယ် ''

"ဟုတ် ''

တီတီစိမ်းက ကိုယ့်အနားကနေ ကားကိုမောင်းထွက်သွားတာကြောင့် ကိုယ်လည်း ကျောင်းခန်းထဲလမ်းလျှောက်နေရင်း ဖြစ်ပျက်သမျှကို တွေးယူနေရတယ်ရယ်။

အခုဆိုကိုယ်က စပွန်ဆာလူကြီးရဲ့ အိမ်ကိုပြန်ပေးလိုက်ရပြီး ရိုက်စားလုပ်နေတဲ့လူတွေအားလုံးကိုလည်း အဆက်သွယ်ဖြတ်လိုက်ရတယ်။ တီတီတို့ကအရင်ဖုန်းကို ထုခွဲလိုက်​​ကြပြီး နောက်ဆုံးပေါ်ဖုန်းလေးဝယ်ပေးလို့သာ တော်သေးတယ်ပြောရမယ်။

တီတီတို့ကအတော် ချမ်းသာတယ်​လေ။ ရွာမှာကတည်းက တောသူဋ္ဌေးတွေဖြစ်​ကြပြီး အခုမြို့ရောက်တော့လည်း တီတီနုနဲ့တီတီနွယ်က မြန်မာထမင်းဆိုင်ဖွင့်ထားသလို တီတီယုနဲ့တီတီစိမ်းက စိန်ရွှေရတနာဆိုင် ပေါင်းဖွင့်ထားကြတယ်။

တီတီယုအမျိုးသားက မိုးကုတ်ကကျောက်သူဋ္ဌေးကြီးလေ။ ဘယ်လိုပဲဆိုဆို ဒီစာရေးသူက အဓိကဇာတ်ကောင်ကိုအတော် မိုးပေါ်တင်ထားတယ်ဆိုတာ သူ့အမျိုးတွေကြည့်တာနဲ့တောင်သိသာတယ်မလား။

*သောက် စာရေးသူ *

ဒါပေမယ့် ဇာတ်လမ်းကအနည်းငယ်ပြောင်းသွားတယ်ဆိုတော့လည်း စာရေးသူက အဲ့လောက်ကြီးတော့ မဆိုးသေးပါဘူးလေ။

"မင်းလေး ''

"ဟင်...ဒီအသံ ''

"မင်လေးအခုတ​လော အဆင်ပြေလား ''

"အင်း...ဒါနဲ့ ကိုရန်လို ဘယ်လိုလွတ် ''

ပြောရရင် နောက်တနေ့ကျ နှာပွတို့အဖွဲ့ကို ကိုရန်လိုကသွားပြီး ဆုံးမခဲ့တာကြောင့် အဖမ်းခံလိုက်ရတယ်ရယ်။ ဟိုတဖွဲ့ကတော့ ဆေးရုံတောင်တင်ထားရတယ်ဆိုပဲ။

"အဲ့တာပဲပြောမလို့...မင်းလေးရဲ့အန်တီတွေက ကိုယ့်ကိုလာထုတ်ပေးတါလေ ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီΌπου ζουν οι ιστορίες. Ανακάλυψε τώρα