အပိုင်း-29

105 13 2
                                    

#Uni

"ဆရာ လူနာအခြေအနေဘယ်လိုရှိလဲ ''

"သက်သာလာပါပြီ။ သွေးတွေအတော်ဆုံးရှုံးထားရတာဆိုတော့ နည်းနည်းအားနည်းနေတာပါပဲ ''

ကိုယ့်နားထဲလူတွေရဲ့စကားသံကိုကြားနေရတာကြောင့် အားယူပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါ အရင်ဆုံးမြင်ရတာ အမိုးမျက်နှာကျက်ကြီး။

"ရေ...ရေပေးပါ ''

"မင်းနိုးလာပြီ ဆရာ ''

"လူနာကိုရေချက်ချင်းမတိုက်နဲ့နော်။ တိုက်ရင်လည်း ပိုက်လေးနဲ့တစက်စီတိုက်ပေးပါ ''

"ဟုတ်ကဲ့ဆရာ။ အစာရော ''

"အစာကအခုလောလောဆယ် မကျွေးပါနဲ့အုံး။ ညနေလောက် ဆရာလာကြည့်မယ်။ အဲ့ကျ ကျွေးသင့်မကျွေးသင့်ပြောမယ် ''

"...''

"အရမ်းမစိုးရိမ်ပါနဲ့။ လူနာကြည့်ရတာလန်းနေပါပြီ။ ခဏနေကျ ဆရာမလေးကို အားဆေးလာသွင်းခိုင်းလိုက်မယ် ''

"ကျေးဇူးတင်ပါတယ် ဆရာ ''

ဆရာဝန်လည်းထွက်သွားရော စေလိုရာစေကအနားကို ပြေးလာပြီး လက်ကလေးကို လာကိုင်တယ်ရယ်။

"တော်သေးတာပေါ့။ မင်းဘာမှမဖြစ်ဘူးနော် ''

"ငါက အသက်ပြင်းတယ် ''

ကိုယ့်အပြောကိုလည်းကြားရော စေလိုကမျက်ရည်ဝဲနေရာကနေ အသံတိုးတိုးလေးကြားလောက်အောင် ရယ်နေလေရဲ့။

"ဒါနဲ့ ငါ့အဖေရော ခုထောင်ထဲမှာလား ''

"...''

"ငါ့အမေရော စေလို ''

"မင်းနားအုံးလေ။ တရေးအိပ်မလား ''

ကိုယ်မေးတာကိုမဖြေဘဲ စကားရှောင်နေတယ်လို့ ခံစားမိတာကြောင့် ကိုယ့်လက်အားကိုင်ထားတဲ့ စေလိုရဲ့လက်တွေကို တွန်းထုတ်လိုက်ရင်း။

"ငါ့ကိုအဲ့လိုစကားလာမလွှဲနဲ့ စေလို ''

"ကိုယ် ဘယ်လိုပြော ''

"အမှန်တိုင်းသာ တစ်ခုမကျန်အကုန်ပြော ''

"မင်း စိတ်ကိုတင်းထားနော် ''

"ငါကစိတ်မာပြီးသားမို့ စေလိုသာပြောစမ်းပါ ''

"မင်းအမေဆုံးတာ ဒီနေ့နဲ့ဆို ခြောက်ရက်ရှိပြီ ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now