အပိုင်း-4

205 26 6
                                    

#Uni

"လမင်းကမ္ဘာဆိုတဲ့ ပိုင်းလုံးမ...ထွက်လာခဲ့စမ်း ''

လာပါပြီခင်ဗျာ။ ကိုယ့်ဘာသာ အေးဆေးနေမယ်လို့တွေးပေမယ့် ပြဿနာဆိုတာမျိုးက  ကိုယ်ကငြိမ်ငြိမ်လေးထိုင်နေရင်တောင် လာရှာတတ်တဲ့အမျိုးမလား။

"ဟဲ့ နင်မလား...ပိုင်းလုံးမ ခြူဆီမ ''

ကိုယ့်အတန်းထဲဝင်လာရုံမက ထိုင်ခုံနားထိလာပြီး လူကိုစော်စော်ကားကား ပြောနေပုံထောက်ရင်

"ဘယ်တယောက်လဲ ''

"ဘာ ''

"နင်ငါ့ကိုပြဿနာလာရှာတာ ဘယ်တယောက်ကြောင့်လဲ ''

'အင်း...အခုဆိုဒီဇာတ်ကောင်အဖြစ်နေလာတာ ၁လကျော်ပြီဆိုတော့ကား...ဇာတ်ကောင်ရဲ့ပင်ကိုယ်စရိုက်တွေ အတော်လွှမ်းမိုးတာခံနေရပြီရယ် '

"မပြောနဲ့တော့ မသိချင်ဘူးဟာ...အဲ့တယောက်ကိုသာ ငါနဲ့မပတ်သက်ဘဲနေနိုင်အောင် နင်ဘက်ကထိန်းပေါ့ ''

ကိုယ့်ကိုပြောမလို့ ဟန်ပြင်နေတဲ့မိန်းမလှလေးကို သူမပြောခင် ကိုယ်ကစကားဖြတ်ပြောလိုက်တာကြောင့်။

"ဘာ...နင် နင် ''

ကိုယ့်ဆီလာပြီး အကြီးအကျယ်ဖြဲခြောက်မယ့်ပုံနဲ့ တကယ်တမ်းကျ ဘာမှကိုမပြောလိုက်ရတဲ့မိန်းမလှလေးကို သေချာစိုက်ကြည့်ရင်း

"မင်းက အချောလေးပဲ...ကိုယ့်လူတောင်ကိုယ်မထိန်းနိုင်ဘူးဆိုတော့ကား သနားတောင်သနားလာပြီကွာ ''

'စလာပါပြီ...သူများကိုမထိတထိ သွားရန်စတတ်တဲ့ ဇာတ်ကောင်ရဲ့အမူအကျင့်တွေက အခုဆို ပေါ်လို့လာခဲ့ပါပြီ '

"ပြန်တော့ ''

"ကဲဟာ ''

အေးအေးဆေးဆေး ပြောနေတဲ့ကိုယ့်ကို မပြောမဆို ရေနဲ့လာပက်တာ​​ကြောင့် အနည်းငယ်တော့ ဒေါသထွက်မိတာ​ပေါ့။ ပိုဆိုးတာက မျက်နှာကိုအဓိကထား​ပြီး ပက်လိုက်တာကြောင့် မျက်နှာတစ်ခုလုံး ထူပူသွားရတဲ့အထိပဲ။

"မင်းကဘယ်အတန်းကလဲ ''

မျက်နှာကရေတွေကို သပ်ချလိုက်ရင်း မေးလိုက်မိတယ်။ အနည်းဆုံးတော့ ဒီဇာတ်ကောင်အနေနဲ့မဟုတ်ရင်တောင် ကိုယ့်ကိုပြဿနာလာရှာတဲ့သူကို သည်းခံရရိုးလား။

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now