အပိုင်း-32

77 11 0
                                    

#Uni

အဘွားနာမည်က ဒေါ်မိုးမြင့်စံ တဲ့။ အဘွားကနာမည်နဲ့ လိုက်အောင်ကိုမောက်မာပြီး အတ္တကြီးတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ကိုနှိပ်စက်တယ်ဆိုတာထက် နှိပ်စက်အောင်အားပေးခဲ့တာမျိုး။

အဘွားက ငွေရှိအသိုင်းအဝိုင်းက ဆင်းသက်လာသူမို့ သိပ်ကိုအဆင့်အတန်း မက်မောတယ်။ ဦးလေးကိုမွေးတဲ့အခါ မိုးမဟာလို့နာမည်ပေးခဲ့တာကိုပဲ ကြည့်။ နာမည်ကအစအထက်စီးဆန်ချက်။

နောက်ယောကျားဆုံးတော့လည်း သူ့ဘဝကိုသူသာအကောင်းဆုံး ရှင်သန်​ပြမယ်ဆိုပြီး သားလေးကို လူတလုံးသူတလုံးဖြစ်အောင် ပြုစုကျွေးမွေးခဲ့တယ်ပေါ့။

အဲ့တုန်းကအဖေက လမ်းဘေးမှာ ပလုံကောက်တဲ့ကလေးလေးရယ်။ တနေ့အဖေဗူးခွံကောက်နေတုန်း ဦလေးနင်းလာတဲ့စက်ဘီးက အရှိန်လွန်ပြီး ဘရိတ်ဖမ်းမရတာကြောင့် အဖေ့ကိုတိုက်မိရာကနေ ဦးလေးအတွက်လာဘ်ဆိုးဝင်လာတာပဲ။

ဒေါ်မိုမြင့်စံနဲ့ဆန့်ကျင်စွာ ကြင်နာတတ်တဲ့ဦးလေးက သူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံယူပြီး မိမရှိဖမရှိအဖေ့ကို မွေးစားပေးဖို့ပူဆာသတဲ့။ သူ့အနေနဲ့အဖေတယောက်ကို ဆုံးရှုံးထားရတဲ့ ကလေးတယောက်အနေဖြင့် အထီးကျန်စွာ မနေချင်ဘူးဆိုတဲ့အ​ကြောင်းပြချက်နဲ့လေ။

"အဲ့အချိန်ကသာ ခွေးမွေးဖို့တွေးခဲ့ရင်တောင် ဦးလေးဘဝက ဒီထက်ပိုကောင်းခဲ့မှာ ''

အခုဆိုနန်းတော်ကြီးလို ခမ်းနားလှတဲ့အဘွားရဲ့အိမ်ရှေ့ကိုရောက်လို့နေပါပြီ။ ခြံတံခါးကြီးကသာဖွင့်ထားပေမယ့် သတင်းမေးမဲ့လူတောင်မရှိပုံပဲ အိမ်ကြီးကခြောက်ကပ်လို့။

"အမာ ''

"ဟင် ဟေမာန် ''

"အမာ့ကိုစိတ်မချလို့ ''

"ဒီကလေး ဒဏ်ရာသက်သာလို့လား ''

"ဟေမာန်ကသက်သာပြီ။ အမာသာဂရုစိုက်ရမှာ ခဏခဏဒဏ်ရာရနေတာ အမာ့အတွက်မကောင်းဘူး ''

ဒီကလေးမလေး လူကိုစိုးရိမ်ပေးတတ်လိုက်ပုံများ။ တချို့တချို့သောလူတွေက သိပ်ကိုကျေးဇူးသိတတ်တယ်။ တခါကယ်ပေးရုံနဲ့ တသက်မမေ့တတ်သလောက် အဖေ့လိုလူကတော့ ကျေးဇူးရှင်ကို​ပြန်သတ်သတဲ့။ သူ့သွေးသားလို့​ပြောရမှာတောင် ရွံတယ်။

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now