အပိုင်း-30

96 12 2
                                    

#Uni

"ဒါကရော ဘယ်သွားအုံးမလို့လဲ မင်း ''

ဆေးရုံအဝတ်တွေချွတ်ပြီး စေလို့အဝတ်တွေယူဝတ်နေတုန်း ​စေလိုကအခန်းထဲပြန်ဝင်လာပြီး လူကိုမေးခွန်းလာထုတ်နေလေရဲ့။

"ဒီတိုင်း တနေရာကို ''

"မနေ့က မင်းအမေရက်လည်ကို ဘာလို့မလာတာလဲ။ ကိုယ်သိသလောက် မင်းဆေးရုံကနေ မင်းအမေရက်လည်ကို ခဏသွားမယ်လို့ ပြောခဲ့တယ်ဆို ''

"စေလို ဘယ်လိုသိ ''

"မင်းကိုကြည့်ပေးနေတဲ့ ဆရာမလေးပြောတာ ''

အခုရက်ပိုင်း စေလိုကမေမေ့ရက်လည်အတွက်ရော နာရေးမှာလုံးပန်းနေရတာကြောင့် ကိုယ့်အနားသိပ်မနေအား။ မနေ့ကလည်း မေမေ့ရက်လည်ကို ဘုန်းကြီးကျောင်းမှာပဲ ရေစက်ချ အမျှဝေပေးနေရလို့ ကိုယ်ဘယ်သွားလဲဆိုတာကို စေလိုမသိပေ။

"မင်း ကိုယ့်ကိုဘာတွေ ရွှေ့ချင်နေတာလဲ။ ကိုယ်မသိအောင်ဘာမှ ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပြီးမှ ''

"တီလေးဒီနေ့ ''

"...''

"သေပြီ ''

"ဘာ ''

"ငွေနှင်းမှုံရဲ့အမေ ငါ့ရဲ့တီလေး ဒီနေ့ကိုယ့်ကိုယ်ကိုသတ်သေလိုက်လို့ ''

"သူကဘာလို့ ရုတ်တရက်ကြီး ''

"တကယ်က ငါသတ်လိုက်တာ ''

ကိုယ့်အပြောကိုလည်းကြားရော စေလိုကချက်ချင်း အနားကိုပြေးလာကာ ပခုံးနှစ်ဖက်အား ချုပ်ကိုင်ထားရင်း မယုံပေမယ့် သိချင်နေတဲ့မျက်နှာပေးနဲ့ စိုက်ကြည့်နေသည်။

"စေလိုကမယုံဘူးလား ''

"ကိုယ့်ဟာကိုယ်တောင် အားနည်းနေတဲ့မင်းက ''

"ငါကသန်မာတယ် ''

စေလို့အပြောကလူကို အထင်သေးသလို ခံစားရတာကြောင့် စေလို့ဗိုက်ကို လက်သီးနဲ့ထိုးလိုက်ရင်း အော်လိုက်တော့။

"အာ့...နာလိုက်တာ မင်းရယ်။ သေတော့မယ် ''

မူယာမာယာ လာပိုပြနေပြန်ပြီ။ ကိုယ်ကထိုးလိုက်တာ မဆိုသလောက်အားပါရင်တောင် အခုလောက်ထိ ကိုယ့်ပခုံးပေါ်မေးလာတင်ပြီး လာဖက်ရလောက်တဲ့အထိ ​စေလိုနာမှာမဟုတ်။

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now