အပိုင်း-15

234 28 6
                                    

#Uni

သတိ​ပြန်ရလာတဲ့အခါ ကိုယ့်အနားမှာလူတယောက်ရှိနေတာကြောင့် ဘေး​ဘက်ကိုအသာခေါင်းလေးစောင်းပြီး လှည့်ကြည့်လိုက်မိချိန်။

ကိုယ့်လက်ကို တင်းနေအောင်ဆုပ်ကိုင်ထားပြီး ကိုယ့်ဘေးကလွတ်နေတဲ့ကုတင်ဘေးဘောင်လေးပေါ်မှာ ခေါင်းချရင်းအိပ်ပျော်နေတဲ့ စေလိုရာစေ။

"နိုးလာပြီလား ''

ကိုယ့်မှာ နည်းနည်းလေးလှုပ်လိုက်ရုံရှိသေး။ စေလိုရာစေက ချက်ချင်းဆိုသလိုနိုးလာပြီး ကိုယ့်အဆင်ပြေသလားလို့ မေးနေပေမယ့်လည်း ကိုယ်ကတော့ ခံစားချက်မရှိတဲ့လူတယောက်ပမာ။

"ငါက ရူးနေတာ ''

"ဟင် ''

"နင်မြင်တယ်မလား ''

"...''

"ငါကရူးနေတာမို့ ငါ့ကိုနင့်အိမ်ကမောင်းထုတ်လည်းရတယ် ''

"ကိုယ်မလုပ်ရက်ပါဘူး..လုပ်လည်းမလုပ်ဘူး ''

ကိုယ့်ကို​စေလိုရာ​စေက သနားနေတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေပြန်တယ်။ အနည်းငယ်ဝမ်းနည်းနေသယောင်ယောင်ဖြစ်နေတဲ့ ကိုယ့်မျက်နှာလေးကိုစိုက်ကြည့်နေရင်းကနေ ပါးကိုလာထိဖို့ စေလိုရာစေကကြံရွယ်နေတာကြောင့်။

"ငါ့မိဘတွေတောင် ငါ့ကိုပစ်ထားတာ ''

အမြန်ကိုယ့်ပါးကိုလာထိတော့မယ့် စေလိုရာစေရဲ့လက်တွေဆီကလွတ်​အောင် ခေါင်းကိုသူ့ဘက်စောင်းထားရာကနေ ပြန်တည့်လိုက်ပြီး ဆေးရုံရဲ့မျက်နှာကျက်ကိုစိုက်ကြည့်ရင်း။

"ငါအမြဲလိမ္မာခဲ့ပေမယ့် ငါ့ကိုဘယ်သူမှမချစ်ကြဘူး ''

"...''

"ငါ့အဖေကငါ့ကိုအမြဲနှိပ်စက်တယ်...ရွံစရာအကောင်တကောင်လိုဆက်ဆံတယ် ''

"...''

"ငါ့အမေလည်းအတူတူပဲ...ငါ့ကိုသတ်ဖို့အထိလုပ်ခဲ့တာ ''

"...''

"ငါအရမ်းဆိုးပေနေရင် သူတို့သိက္ခာကိုချ​နေရင်တော့ ငါ့ကိုအိမ်ပြန်ခေါ်လောက်ပါရဲ့ဆိုပြီး ငါအမှားတွေလုပ်ခဲ့တယ် ''

"...''

"ဒါပေမယ့်...ငါ...ငါက ''

"...''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now