အပိုင်း-1

469 34 5
                                    

#Uni

"မလမင်းကမ္ဘာ သတိရလာပြီလားရှင့် ''

နားထဲမှာ အသံတချို့ကိုကြားနေရတာကြောင့် မျက်လုံးကိုမှိတ်တခါ ဖွင့်တလှည့်လုပ်ရင်း ပျံ့နှံ့နေသောစိတ်အစုံကို သေချာပြန်စုစည်းလိုက်ပြီး

"ဘယ်ရောက်နေတာလဲ ''

ထမလို့ဟန်ပြင်နေသော်လည်း တစုံတယောက်က မထနိုင်အောင်ဖိထားတာကြောင့်  သေချာလေးအာရုံစိုက်ပြီး ကြည့်လိုက်တော့

"ငါမသေဘူးလား ''

၇လွှာကနေခုန်ချတာတောင် မသေဘူးတဲ့လား။ ကိုယ့်ကိုမထနိုင်အောင် ဖိထားတဲ့သူနာပြုမလေးကတော့ ကိုယ့်ကိုကြောင်ကြည့်နေရင်း

"အစာမစားလို့ အားနည်းပြီးမေ့လဲရုံ​​လေးနဲ့တော့ မသေသွားပါဘူး မလမင်းကမ္ဘာ ''

ကိုယ့်ကိုအကဲပိုလိုက်တာ ဆိုတဲ့မျက်နှာပေးနဲ့ လာကြည့်နေတဲ့ သူနာပြုမလေးကို အလိုမကျတဲ့အကြည့်တွေနဲ့ စိုက်ကြည့်လိုက်ပြီး

"လမင်းကမ္ဘာ...အဲ့တာဘယ်သူလဲ ''

"ဟယ်...အစာမစားဘဲနေတာ ဦးနှောက်ပါထိသွားသလား မလမင်းကမ္ဘာ ''

"ဘာလာပြောနေတာလဲ ငါ့နာမည်က ''

ကိုယ့်နာမည်ကိုအော်ပြောနေသော်လည်း ဘာသံမှမထွက်။ သက်ထားမူယာပါလို့အကြိမ်ကြိမ်အော်ပြောနေပေမယ့်လည်း

"လမင်းကမ္ဘာ ''

ဘုရားရေ။ အခုငါ့ပါးစပ်ကထွက်လာတဲ့နာမည်က ငါ့နာမည်မှမဟုတ်တာ။ ကိုယ်ပြောနေတဲ့နာမည်ကတခြား ပါးစပ်ကထွက်လာတဲ့နာမည်ကတခြား ဖြစ်နေပါလားနော်။

"ကိုယ့်နာမည်တော့ ကိုယ်သိသေးလို့တော်သေးတာပေါ့ ''

သူနာပြုမလေးက အမြင်မကြည်သလိုပုံစံမျိုးနဲ့ မျက်စောင်းလေးထိုးရင်း အခန်းထဲကထွက်သွားပြီ။

"နေစမ်းပါအုံး...လမင်းကမ္ဘာ...ဒီနာမည် ငါကြားဖူးနေသလားလို့ ''

အတော်အတန်စဥ်းစားပြီးမှသာ အခုဖြစ်ပျက်နေတာကို နည်းနည်း​လေးသဘောပေါက်လာမိတယ်။

"ငါကသေသွားပြီ...ဒါပေမယ့်အခုက ငါဖတ်ဖူးတဲ့ဝတ္ထုထဲက ဇာတ်ကောင်တယောက်ရဲ့ ကိုယ်ထဲဝင်နေတာမျိုးလား ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now