အပိုင်း-12

178 27 10
                                    

#Uni

"ဟဲ့ နင်ဘာလို့ ငါ့ခုံမှာလာထိုင်တာလဲ ''

မိန်းမဆိုတော့လည်း နည်းနည်းစပ်စုတတ်တဲ့အမျိုးဆိုတော့ကား။ ခုံပေါ်မှောက်အိပ်နေတဲ့ နတ်စစ်သည်လက်မောင်းလေးကို အသာထိပြီး လှုပ်နှိုး​နေသလိုမျိုးလုပ်ရင်း မေးလိုက်တော့။

"နှင်းလေး ထိုင်ခိုင်းလို့ ''

မျက်လုံးကိုပိတ်ထားရင်း ကိုယ့်အမေးကိုဘာမှတောင်မစဥ်းစားဘဲ ပြန်ဖြေတဲ့နတ်စစ်သည်ကြောင့် နောက်ထပ်မေးခွန်းတွေထပ်မေးချင်လာပြန်ရော။

"ဒါနဲ့ ဒီလောက်အချိန်တိုင်းအိပ်နေတာ...နင်စာလုပ်ချိန်ရောရှိရဲ့လား ''

"စာသင်နေရင် သေချာနားထောင်လိုက်တယ် ''

"ဒါနဲ့ အိပ်နေရင်း စာအကြောင်းတွေးနေတာလား...ဒီတိုင်းအိပ်တာလား ''

"အိပ်တာပေါ့ ''

အယ် ပြောနေရင်း နတ်စစ်သည်လေသံတွေက စိတ်မရှည်တဲ့လေသံအဖြစ် ပြောင်းလဲစပြုနေပြီရယ်။

"နင် ဒီ​လောက်အိပ်နေတာဟာ...ဘာလို့မဝလာတာလဲ ''

"...''

"ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိရင် ဝတတ်တယ်လေ ''

"....''

"ဟဲ့ ''

"...''

"ဟဲ့လို့...နတ်စစ်သည် ''

လက်မောင်းကိုလှုပ်ပြီးမေးနေတာတောင်ပြန်မဖြေတာကြောင့် ပါးလေးကိုခပ်နာနာဆွဲလိမ်လိုက်တော့ ရုတ်တရက်ဆိုသလို ကိုယ့်လက်ကောက်ဝတ်ကို နတ်စစ်သည်ကဖမ်းဆွဲလိုက်ပြီး

"နင်ငါ့ကိုကြိုက်နေတာလား ''

မျက်လုံးတောင်မဖွင့််ဘဲ ဒီလိုစကားမျိုးကို စိတ်အေးလက်အေးပြောလာတဲ့နတ်စစ်သည်ကြောင့်။

"ရား...အဟား ရယ်ရတယ်နော်...ဘာလို့ငါက ''

ပြောနေတုန်း နတ်စစ်သည်ကမျက်လုံးဖွင့်လာပြီး ကိုယ့်ကိုသေချာစိုက်ကြည့်နေရင်း။

"နင်အခုလုပ်နေတာကလေ ''

တကယ်အမှန်ပြောရင် နတ်စစ်သည်ကအတော်ကိုစွဲဆောင်မှုရှ်ိတယ်။ နဖူး မျက်လုံး မျက်ခုံး နှာတံ နှုတ်ခမ်းနဲ့ နားထင်စပ်လေးကအစ မျက်နှာတစ်ခုလုံး ကြည့်လေကြည့်လေ ဖမ်းစားနိုင်​လေဆိုတဲ့ မျက်နှာသွင်ပြင်မျိုးကို ပိုင်ဆိုင်ထားရတဲ့ ယောကျားတယောက်လို့တောင်ပြောယူရမယ်။

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now