အပိုင်း-7

178 27 6
                                    

#Uni

"အေး...မိုက်ရိုင်းချင်အုံး ကဲ ''

အဖေဆိုတဲ့လူကြီးက ပါးရိုက်တာမျိုးမဟုတ်ဘဲ ပြေးပြီး လက်သီးနဲ့ထိုးသလိုမျိုး ပါးကိုခပ်ပြင်းပြင်းရိုက်ချလိုက်တာကြောင့် ကြမ်းပြင်မှာလဲကျသွားရုံမက နှစ်ပတ်လောက်လိမ့်ပြီး အဝေးကိုလွင့်စင်သွားတဲ့အထိ။

"အာ့...ကျစ် နာလိုက်တာ''

"...''

"အဖေက ဒီလမ်းကိုရွေးတာလား ''

"ဘာ...''

ရိုက်လိုက်တဲ့ဒဏ်ကဘယ်လောက်ထိပြင်းသလဲဆိုရင် ပြန်ထဖို့တောင်အတော်ခက်ခဲနေရတယ်ရယ်။ ဒါပေမယ့်လည်း အားတင်းရင်း ဘာမှမဖြစ်သလို ထလိုက်နိုင်ပေမယ့် နှုတ်ခမ်းကတော့ ပေါက်သွားပုံရတယ်။

"သွေး...သွေးတွေမလား ''

လက်နဲ့သုတ်ပြီး ကြည့်လိုက်တော့ တကယ်နှုတ်ခမ်းက​နေ သွေးထွက်နေတာပဲ။ လက်ကသွေးတွေကိုကြည့်ရင်း ခပ်မဲ့မဲ့လေးအသာပြုံးလိုက်မိတာ အမှန်။ ထို့နောက် ကိုယ်တွေကိုဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးမြင်အောင် လက်ကိုမြှောက်လိုက်ပြီး

"ကြည့်ကြပါရှင်...ဒီ..ဒီလူကြီးက ညီမအဖေပါ ''

*အမယ် ဒီဇာတ်ကောင်ကြီး ပန်းနုသွေးပြီဟေ့ *

ဗီလိန်ဇာတ်ကောင်ရဲ့အရှိန်အဝါကြောင့် လူတွေက မျက်ရည်လေးတွေတပေါက်ပြီးတပေါက်ကျနေတဲ့အပြင် လက်လေးနဲ့တို့လိုက်ရင်တောင် လဲတော့မလိုမျိုး ဟန်ဆောင်နေတဲ့ကိုယ့်ပုံစံလေးကိုမြင်ပြီး သနားဂရုဏာပိုလာကြပြန်ရော။

"ဟိုနားက ကောင်လေးနဲ့ကောင်မလေးကိုမြင်တယ်မလားရှင့်...သူက...အဲ့ကောင်မလေးက....အဟင့်ဟင့် ညီမရဲ့အမဝမ်းကွဲပါရှင် ''

လူဆိုတဲ့အမျိုးက ကိုယ့်ကိစ္စမဟုတ်ရင်တောင် စပ်စုတတ်တာသဘာဝမလား။ အခုလည်း ကိုယ်ဘာဆက်ပြောမလဲဆိုတာ စိတ်ဝင်တစားနားထောင်နေတာကြောင့် မျက်ရည်လေးတွေကို တုန်ရီနေတဲ့လက်​လေးတွေနဲ့ဖွဖွလေးသုတ်လိုက်ရင်း နှုတ်ခမ်းသားကို တမင်ကိုထိလိုက်ပြီး နာကျင်သွားသလို ညီးတွားလိုက်တော့

"ဟယ်...သနားပါတယ် ''

"အမရယ် ကလေးမလေးအတော်နာနေရှာမှာ ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now