အပိုင်း-19

148 24 6
                                    

#Uni

အခန်းလေးတစ်ခုတည်းကို ရောက်ရှိနေခြင်း။ အခန်းဆိုပေမယ့် ဘာပစ္စည်းအသုံးအဆောင်မှမရှိတဲ့ ဗလာအခန်းကြီးဖြစ်နေတဲ့အပြင် နံရံတွေကပါ အဖြူ​ရောင်သုတ်ထားတာကြောင့် ဒီအခန်းထဲရောက်နေတယ်ဆိုတဲ့ အသိကလွဲရင် ဘာမှမခံစားမိ​တော့တာမျိုး။

"မသက်ထားမူယာ ''

အနောက်ကနေ တယောက်ယောက်ခေါ်နေတာကြောင့် လှည့်ကြည့်လိုက်တဲ့အခါ။

"နင် နင်က ''

"တို့က လမင်းကမ္ဘာပါ ''

"WTF ''

"...''

"ဒါဆို နင်ကနင့်နေရာပြန်ယူ​တော့မလို့လား...ဒါဆိုငါကသေပြီပေါ့...ဟာ ''

"...''

"ဒါဆို ငါဓားထိုးခံရပြီး သေသွားပြီလား ''

ကိုယ့်ဘာသာ တယောက်ထဲဂယက်ထနေမှုကြောင့် အရှေ့ကလမင်းကမ္ဘာက ကိုယ့်အနားကို ခြေတလှမ်းတိုးကပ်လာပြီး

"မဟုတ်သေးဘူး...တို့လာတာ တခြားကိစ္စပါ ''

"ဟင် ''

"ဂုဏ်ယူပါတယ်...တို့ဘဝကိုကယ်တင်ပေးလို့လည်း ကျေးဇူးတင်တယ် ''

"ကယ်တင်တယ်...ငါဘာမှတောင်မလုပ်ရသေးဘူး ''

ပြောလိုက်တော့ လမင်းကမ္ဘာက ညင်ညင်သာသာလေးပြုံးပြီး ခေါင်းခါနေပြန်တယ်။ နူးညံ့လိုက်တာနော်။ သူမက အခုလိုကျ အေးချမ်းတဲ့အသွင်ဆောင်နေပြန်ရော။

"တို့ဘဝက မင်းကြောင့်သာမဟုတ်ရင် ယောကျားမဟုတ်မိန်းမမဟုတ်ဘဝနဲ့ သေဆုံးသွားရမှာလေ ''

ဟုတ်သား။ အခုကိုယ့်ရှေ့ကလူသားဟာ ယောကျားတယောက်မဟုတ်သလို မိန်းမလည်းမဟုတ်ပြန်ဘူးရယ်။ သူမကဝမ်းနည်းသလို ခံစား​နေရဟန်နဲ့ တူပါရဲ့။ ခေါင်းလေးကိုငုံ့လိုက်ပြီး

"ဒီဇာတ်ကောင်မျိုးနဲ့ ရှင်သန်ရတာ ခက်ခဲမှန်းသိပေမယ့် ''

"မခက်ခဲဘူး ''

သူမစကားမဆုံးခင် စကားဖြတ်ပြီးအော်ပြောလိုက်တာကြောင့် သူမကခေါင်းမော့လာချိန်။

"အယ်...ခက်ခဲတယ်ဆိုပေမယ့် ငါနင့်လိုဇာတ်ကောင်မျိုးကို သဘောကျတယ်...လုပ်ချင်တာလုပ်ရဲတယ်...အားမနာတတ်ဘူး...ညှာတာစရာလည်းမရှိသလို ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now