အပိုင်း-25

150 19 6
                                    

#Uni

"ဟယ် မျက်နှာပြောင်တိုက်လိုက်တာဟယ် ''

"နင်ကလည်းဟယ် သူလည်းသနားစရာလေးပါ ''

"ဟဲ့ ထကြည့်အုံး...ဟိုနှစ်ယောက်ကျောင်းလာတက်တယ် ''

သာယာနေတဲ့ဘဝကြီးကနေ လက်ရှိအခြေအနေကို ပြန်လည်ရောက်ရှိလာတာပေါ့လေ။ အားသာချက်တစ်ခုအဖြစ် ကိုယ်တယောက်တည်းမဟုတ်တော့သလို အနားမှာ စေလိုရာစေရှိနေပြီမလား။

"အစက​နေ မိတ်ဆက်ပါရစေ။ ကျွန်တော့်အကြောင်းကြားမိမှာပါ။ အမှန်ပါပဲ။ ကျွန်တော်က မိန်းမလိုဟန်ဆောင်ထားရပေမယ့် ယောကျားတယောက်ပါ ''

"ဟယ် မထင်ရဘူးဟယ် ''

"သွားပါပြီကွာ ငါအသည်းကွဲပြီ ''

"နာကျင်မှုတွေ နာကျင်မှုတွေ ''

"တောက်စ် ဒါငါတို့ကိုကစားသွားတာ ''

"ဟယ်...သူကယောကျားလေးဆိုတာ တကယ်ပေါ့ ''

ကိုယ့်ကိုအရှေ့မှာထားပြီး ကိုယ့်အကြောင်းကို ပေါ်တင်ဝေဖန်နေကြပေမယ့် အားလုံးကိုပြုံးပြလိုက်ရင်း အရင်ထိုင်နေကြခုံမှာပဲ ဝင်ထိုင်လိုက်တယ်။ ဘေးနားက​နေ နတ်စစ်သည်က

"မင်းမလာတော့ဘူးထင်ထားတာ ''

အကဲစမ်းပြီး ရန်စကားပြောတာမျိုးမဟုတ်ဘဲ တကယ့်ထင်မြင်ချင်ကို ပြောလိုက်တာကြောင့် လွယ်အိတ်ကိုပစ်ချလိုက်ရင်း လုပ်ပြုံးလေး ပြုံးပြလိုက်မိတယ်။

"သိပ်ကိုလာရမှာပေါ့...ငါ့ရန်သူကြီးတွေမှ မသေသေးဘဲဟာ ''

"အမုန်းတွေနဲ့ရှေ့ဆက်ရင် အမုန်းတွေပဲထပ်ရနေမှာ...ဒီဇာတ်လမ်းကို မင်းကနေစရပ်လိုက်ပါလား ''

"အဲ့စကားကို လွန်ခဲ့တဲ့ရက်နှစ်ဆယ်ကျော်လောက်ကသာ မမကိုပြောပြီး ငါတို့အကြောင်း liveမလွင့်ခဲ့ရင် ငါလည်းမင်းပြောတာကို လက်ခံလောက်ပါရဲ့ ''

"ငါပြောဖူးတယ်မလား။ အရာရာနဲ့ယှဥ်ရွေးရရင် ငါ နှင်းလေးကိုပဲရွေးမှာ။ ငရဲသွားခိုင်းရင်တောင် ငါခြေတလှမ်းမတွန့်ဘူး ''

"အချစ်ငမိုက်သားလေးပေါ့ အဟ ''

"ငါပြောတာနားထောင်...မင်းအမေ အခုရူးမလိုလိုဖြစ်နေလို့ အခန်းထဲပိတ်ထားရတယ် ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now