အပိုင်း-13

200 25 18
                                    

#Uni

"ဒါတွက်ကြည့် ''

"...''

"ဒါကိုလည်းချက်ချင်းကျက်ပြီး ခုရေး ''

"...''

"ဒီပုံသေနည်းနဲ့ တွက်ကြည့် ''

လူကိုတစ်ခုပြီးတစ်ခု ရေးခိုင်းကျက်ခိုင်းတဲ့အပြင် မယုံသလိုလိုနဲ့ နောက်ထပ်မေးခွန်းတွေပါထပ်မေးနေတဲ့ စေလိုရာစေကြောင့်။

"ဒီမှာပြောတော့ စာရှင်းပြမယ်ဆို...ခုဟာက စာမေးပွဲစစ်နေသလို ဖြစ်နေပြီ ''

"​အင်းလေ စာပြမလို့ပဲဟာ...မင်းကအကုန်တွက်တတ်နေတာဆိုတော့ ''

"ဟာ...ဒါဆိုလည်း တခြားဟာပြောင်းသင်ပေါ့ ''

"အင်းလေ...စာကျက်ခိုင်းတယ်လေ ''

"...''

"ဒါပေမယ့် ငါးမိနစ်နဲ့အပိုင်းရှည်တပုဒ်နှုန်းကျက်နိုင်တာ ဖြစ်နိုင်လို့လား ''

"ရား...ဒါတော်တော်လွန်ပြီနော်...ဖြစ်နိုင်လို့ကျက်ပြတာပေါ့ ''

"ပြစမ်း...မင်းမှဟုတ်ရဲ့လား ''

ရုတ်တရက်ဆိုသလို ပါးနှစ်ဖက်ကိုလာဆွဲပြီး မျက်နှာဖုံးချွတ်သလို ပါးကိုလိမ်ဆွဲနေတာကြောင့်။

"အား...အား နာတယ်လို့ တီတီတို့ရေ...အဟင့်ဟင့် ဒီမှာ မာ့ကိုနှိပ်စက်နေတယ် ''

အဲ့အချိန်မှာ တီတီနုက သစ်သီးပန်ကန်လေးနဲ့အအေးဗန်းလေးကို​သယ်လာပြီး ကိုယ်တွေစာရေးနေတဲ့စားပွဲပေါ်ကို   ဗန်း​လေးအမြန်ချလိုက်ရင်း ကိုယ့်ပါးကိုဆွဲလိမ်နေတဲ့ စေလိုရာစေအား ခေါင်းခေါက်လိုက်တာကြောင့်။

"အား...တီနု သားကိုဘာလို့ခေါင်းခေါက်တာလဲ ''

"ခေါက်ဆို သားကမာလေးကို နှိပ်စက်နေတာကိုး ''

"တီနု သားကတီနုရဲ့တူအရင်းကြီးနော် ''

"သိပါဘူးတော်...တို့များသိတာတော့ ခင်ရာဆွေမျိုးဆိုတာပဲအေ့ ''

"ဟီး...''

"ရယ်မနေနဲ့ ဒီတစ်ခါ အရေခွံကွာအောင်ကိုဆွဲပြမယ် ''

"အဟင့် တီတီနု ''

"မကြောက်နဲ့ မာလေးကိုအဲ့လိုလုပ်ရင် တီနုက သူကို ရေနွေးပွက်ပွက်ဆူနေတဲ့အထဲ ပစ်ထည့်ပြီး အရေခွံနွှာပစ်မှာပေါ့ ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီDonde viven las historias. Descúbrelo ahora