အပိုင်း-24

149 25 7
                                    

#Uni

"စေလို ငါ့ကိုစိတ်ဆိုးပြေတော့လေနော် ''

လူကိုစိတ်ကောက်နေတာ ၅ရက်တောင်ရှိပြီကိုး။ အဲ့နေ့ကသူ့ကိုမပြောဘဲ ရောင်းလိုက်လို့ဆိုပြီး စကားမပြောတော့သလို လူကိုဂရုတောင်မစိုက်တော့ဘူးရယ်။ အခုလည်းအပြင်မှာစောင်ခင်းပြီး ကြယ်ကြည့်နေလေရဲ့။

"ဒီမှာ ငါနဲ့စေလိုနှစ်ယောက်တည်းရှိတာ...စေလိုအခုလိုလုပ်နေရင် ငါပျင်းတာပေါ့ ''

"...''

"ဒါဆိုလည်း တူတူကြယ်ကြည့်ကြမယ်နော် ''

စေလိုရဲ့ပေါင်လေးပေါ်ခေါင်းအုံးလိုက်ပြီး ကောင်းကင်ကကြယ်လေးတွေကို ကြည့်နေချိန်။

"ခေါင်းအုံးယူပေးမယ် ဖယ် ''

"ငါက စေလိုရဲ့ပေါင်​ပေါ်မှာအိပ်ချင်တာ ''

"အခုလိုလုပ်လည်း စိတ်ဆိုးမပြေဘူး ''

"စေလိုက ဘာကိုစိတ်ဆိုးနေရတာလဲ ''

"အခုလိုလုပ်တာ ကိုယ့်ကိုတာဝန်မဲ့တဲ့လူလို့ သတ်မှတ်လိုက်သလိုပဲ ''

"တာဝန်...ငါဘယ်တုန်းကများ စေလို့ကိုတာဝန်ယူရမယ်ပြောဖူးလို့လဲ ''

"...''

"စေလိုငါ့အပေါ် ဘာတာဝန်မှယူစရာမလိုဘူး ''

"ကိုယ်က အသုံးမကျတဲ့ကောင်မလို့မလား ''

"တာဝန်ယူရတယ်ဆိုတာမျိုးက ပင်ပန်းစေတယ် စေလို ''

"...''

"ငါက စေလို့ကို မပင်ပန်းစေချင်တာ ''

"ကိုယ်ကအဲ့ပင်ပန်းရတာမျိုးကိုမှ လိုချင်ပါတယ်ဆိုရင်ရော ''

"ရေထည့်ထားတဲ့အိတ်တစ်ခုကို ​​မြှောက်ပြနိုင်သလား စေလို ''

"ဒါပေါ့ ကိုယ်လုပ်နိုင်တယ် ''

"ဒါဆိုရေကန်ထဲကိုကွာ။ အိတ်ကိုနှစ်ပြီး ရေအပြည့်ထည့်ပြီးရင်ရော အပေါ်​​ မြှောက်ပြနိုင်လား ''

"နည်းနည်းတော့ မြှောက်ရတာလေးမှာဆိုပေမယ့် ရတယ် ''

"ဒါဆို ပင်လယ်တစ်ခုရဲ့အလယ်ကိုသွားပြီး အဲ့ရေကိုအိတ်နဲ့အပြည့်ထည့်ပြီး အပေါ်တင်ပြဖို့ကရော ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now