အပိုင်း-27

150 22 8
                                    

#Uni

"စေလိုရာစေကို ဘယ်လိုထားခဲ့လဲ ''

"မနက်စာထပြင်ပေးပြီး သူသောက်မဲ့ကော်ဖီခွက်ထဲ အိပ်ဆေးနှစ်လုံးလောက်ကြိတ်ထည့်လိုက်တယ် ''

"ဘာလို့ အမာကအဲ့အကိုကို မပြောရတာလဲ ''

အခုဆို ကားတစ်စီးထဲမှာ ရန်လို၊ဆောင်းဟေမာန်နဲ့ ကိုယ်တို့သုံးယောက်ရှိနေပြီး တစ်နေရာရာကို ကားလေးကမောင်းနှင်နေတယ်ရယ်။

"သူက ကိုယ်အသားနာတာကိုမြင်ရင် ငြိမ်ခံ​နေမှာမဟုတ်ဘူးလေ။ အဲ့လိုဆို ကိုယ်တို့အစီအစဥ်ပျက်သွားမှာ ''

"...''

"ဒါနဲ့ရော့...ငွေနှုင်းမှုံရဲ့ ဆံပင်မွှေး ''

"အမာက ဘယ်လိုရတာတုန်း ''

"ကိုယ်ပဲလေ...တော်တယ်မလား ''

"...''

"ရန်လို စကားလေးဘာလေးပြောအုံးလေ ဘာလို့တိတ်သွားရတာလဲ ''

"သူလို ကလေးမလေးက ကိုယ်တို့ပြောသလိုလုပ်နိုင်ပါ့မလားလို့ ''

"ဒီမယ်...ဟေမာန်က သော့ဖျက်ဝိဇ္ဇာဆီမှာ တပည့်ခံထားတာ အိမ်သော့လေးများ အိပ်နေရင်းတောင် ဖျက်နိုင်တယ် ''

"ငါ ဟေမာန့်ကိုယုံတယ် ရန်လို...မင်းကိုလည်းယုံတယ် ''

"ကိုယ် ဝမ်းသာရပါတယ် ''

ကိုယ်တွေအစီအစဥ်ကတော့ ကိုယ်ကအဖေတို့ဖောက်ပြန်ထားတဲ့ပုံတွေ အဖေ့ဖုန်းဆီပို့ရင်း လာတွေ့ခိုင်းမယ်။ အဲ့အချိန် ဟေမာန်ကအိမ်ထဲကအမေ့ကို ကယ်ထုတ်ရုံပဲ။

"သက်သေတွေရှိနေမှတော့ ကိုယ်တို့ရဲတိုင်ပြီး မင်းလေးအမေကို ခေါ်ထုတ်တာပိုကောင်း ''

"ဒီလူကတော့ တုံးလိုက်တာလွန်ရော ''

"ဘာကွ ''

"အမာ့အမေက ရဲလာမေးရင် သူ့ယောကျားဘက်ကပါမှာ။ အဲ့အခါ အမာလှုပ်ရှားရတာပိုခက်သွားသလို အမာ့အဖေအတွက် အမာ့အမေက အကောင်းဆုံးဓားစာခံ ဖြစ်သွားလိမ့်မယ်လေ ''

"ဟေမာန်တော်တယ်။ ကိုယ်လူရွေးမှန်သွားတာပေါ့။ မင်းအတော်ကြိုးစားထားတာကို ချီးကျူးတယ် ''

ဒီဗီလိန်ကောင်နဲ့တော့ ခက်နေပြီWhere stories live. Discover now