အပိုင်း (၃၉) : ဂျစ်ကန်လေး

21.9K 736 19
                                    


{Unicode}

... ငါ့မှာ...
ဒီ ဂျစ်ကန်လေးရဲ့ ဆရာဖြစ်ရတာကို
ပျော်လွန်းလို့။

***

~~ အလွန်အေးတဲ့ ရာသီ...
အလွန်ချမ်းတဲ့ ရာသီ...

မယ် တစ်ရွာ မောင် တစ်မြို့တော့
နေလို့လည်းဖြစ်နိုင်ပါပြီ~~~

"ရှီး~~~ ချမ်းလိုက်တာဗျာ...။ ဦးသ၀ဏ်လွှာ မပြီးသေးဘူးလားဗျာ?"

ရောင်ဖြာကတော့ ကျွန်တော် မုန့်နှစ် နှယ်နေသည့်  အနားသို့ ရောက်လာပြီး ပြောလာသည်။ ကျွန်တော်လည်း မုန့်နှဲ နေရင်းမှ... သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက်မှာတော့ ....။

"ဘာဖြစ်လို့လဲ စိတ်မရှည်ဘူးလား? မနက် ငါက အစောကြီး ထရ ဦးမှာပါ...."

ကျွန်တော်က မကျေနပ်စွာ ပြောလိုက်မိတော့ ရောင်ဖြာက ....

"မဟုတ်ပါဘူးဗျာ... ။ မောင်က ဒီအတိုင်း ပြောတာပါဗျာ။ မောင်က မနက်ပိုင်း ​လယ်ထဲသွားရဦးမှာမို့ စောစော အိပ်ချင်တာပါ။"

"ကဲ ခဏပဲ... ဒီမုန့်တွေ နှဲပြီးရင် တော်ပြီ ဟုတ်ပြီလား?"

ထိုအချိိန်မှာတော့ မောင်၏ ဆူပုတ်နေသော မျက်နှာက ချက်ချင်းဆိုသလို ပြေလာသည်။ ထို့နောက် တဟီးဟီးဖြင့်ပင် ကျွန်တော့်အနားသို့ ကပ်လာလေတော့ ကျွန်တော် မျက်စောင်းဖြင့် ထိုးလိုက်မိတော့သည်။

တကယ်ပါပဲ မြင်လား?
မောင်က သူလုပ်ချင်တာ လုပ်ရပြီဆို မျက်နှာက တစ်မျိုးပင်။

ဒီနေ့ မီးပျက်သည်မို့ ဖယောင်းတိုင် မှိန်မှိန်ကိုသာ ထွန်းညှိထားမိသည်။ လေတစ်ချက် အ​ေ၀ှ့မှာပဲ လွင့်လူးသွားသည့် မီးလျှံများနှင့်အတူ အလင်းရောင်တို့က မညီမမျှပင်။ မောင်ကတော့ ကျွန်တော့်အနားသို့ ကပ်လာပြီး ကျွန်တော့်လက်မောင်မှာ သူ့ခေါင်းကို ကြောင်ပေါက်လေး တို့ထိပွတ်သပ်နေသည့်နှယ် ထိတွေ့နေသည်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now