အပိုင်း (၁၇) :ပိုင်ဆိုင်မှု

17.7K 1.2K 11
                                    

{Zawgyi🌾}

... ပိုင္ဆိုင္မႈ....

ယခင် အပိုင်းမှအဆက်....

At 8:09 PM..

"ချမ်းနေလား? ကျွန်တော့်ဘက်ကို တိုးလေ...။"

"ရတယ်...။ မင်းအားကြီးနဲ့ ငါ အသက်ရူတွေတောင် ကြပ်လာပြီ ....။ ရတယ်... စောင်ခြုံရင် နွေးတယ် .... အရမ်းမဖက်နဲ့နော်...။"

"အိပ်လို့ရလား?"

"အင်း ... နောက်တစ်ခါ ဇွတ်တရွတ်မလုပ်နဲ့...။ ရွာထဲကလူတွေ ဘယ်လိုထင်မလဲ? သိသာအောင် မနေနဲ့နော် ... ကြာရင် ငါတို့ဝေးမယ့် စည်းတစ်ခု ဖြစ်နေလိမ့်မယ်....။"

"ဟုတ်ကဲ့ပါဗျာ..."

ချစ်ရသူသည် သူ့ရင်ခွင်ထဲ ကျွန်တော့်ကို တင်းကြပ်စွာ ပွေ့ဖက်ထားတာပင် အားမရစွာ ပိုတင်းဖက်ပါသည်။

တိမ်ညိုတွေစီးပိုးထားတာမို့...
ဝန်းကျင်တစ်ခုလုံး မိုးရိပ်မိုးသားတွေ ညအမှောင် လမထွက်နိုင်အောင် အမှောင်ထုထည် နက်သည်....။ အားကြီးသည် ။ အကာအရံရှိသော်ငြား လေရင်းဖြစ်နေသော ဤအရပ်သည် မိုးသက်လေတို့က လူပင် လွင့်မတတ်...။

ပုစဉ်းရင်ကွဲသံများ ဖားအော်သံများ အမျိုးအမည်မသိသော အကောင်သံများ တစ်ချက်တစ်ချက် ကြားနေရသည်။ စဲသွားလိုက် ပြန်သည်းလိုက်ဖြင့် မိုးသည် ညလုံးပေါက် ရွာမည်ထင်သည် ။သရက်ပင်ရှိ အခက်အရွက်တို့မှာလေအပင့်တိုင်းမှာ ရွက်ခတ်သံတို့ ညံနေသည်။ မိုးသက်လေဖြင့် လာပြီး ကျီစယ်သော်ငြား ရင်ခွင်တစ်ခုကြောင့် နွေးခဲ့ပါသည်။

"ဦးသဝဏ်လွှာ..."

"အာ ..အင်း ...ကလေး ပြော"

"ကျွန်တော့်ကို ..ကလေးလို့ မခေါ်နဲ့...။"

"ဟင်... ကလေး မဟုတ်ဘူးလား?"

"မဟုတ်ဘူး... 18 နှစ်ကျော်ပြီ..။"

"18နှစ်ကျော်တာ လူကြီး ဖြစ်ပြီပေါ့... ဟား ဟား ညာလိုက်စမ်း ...18+ website တွေ ကြည့်တယ် မဟုတ်လား?"

"အာ~~"

ချက်ချင်းနီမြန်းလာသော ချစ်ရသောသူ ဂျစ်ကန်ပေါက်စရဲ့ မျက်နှာ ...။ တကယ်ပါပဲ ကလေး မဟုတ်တော့ဘူးလဲပြောသေး... ကိုယ့်အပြုအမူတောင် မထိန်းတတ်သေးသော ၂၂နှစ်အရွယ် ဂျစ်ကန်က ရင့်ကျက်တည်ငြိမ် လူကြီး ဖြစ်နေပြီတဲ့။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now