အပိုင်း (၃၂) : ရင်ခွင်

12K 811 4
                                    

{Zawgyi🌾}

... ရင်ခွင်...

ဒုက္ခပါပဲ
ဘယ်လိုလုပ်မလဲ?

နောက်တစ်ယောက်ဆိုတာကြီးကို ထားဖို့
နှလုံးသားတစ်စုံလုံးက ခင်ဗျား ဆီမှာလေ...။

သဝန်မတိုပါနဲ့ ...ခင်ဗျား ပင်ပန်းပါတယ်
မောင့်အတွက် နောက်တစ်ယောက်ဆိုတာ...
ဥပမာကွာ...
ခင်ဗျား သဝန်တိုရမယ့် အနေအထားမျိုး
မောင့်စိတ်ထဲမှာ
တစ်ယောက်ရယ်လို့မှ မရှိဘူး...။

ထပ်ပြောမယ်...
ဦးသဝဏ်လွှာ... မောင်က ခင်ဗျားကို
သိပ်ပြီး ချစ်ပါတယ်...။

***

At 7:15 PM....

ဆောင်းဦးရာသီ အတိအကျဆိုလျှင် မိမိတို့ စိုက်ပျိုးထားသော ကောက်ပင်(စပါးပင်)များကို ရိတ်သိမ်းဖို့ နီးလာပြီ။

လအားဖြင့် တန်ဆောင်းမုန်းလ...။

"အလွန်အေးတဲ့ ရာသီ ...

အလွန်ချမ်းတဲ့ရာသီ ....

မယ်တစ်ရွာ မောင်တစ်မြို့တော့ ...

နေလို့လည်း မဖြစ်နိုင်ပါပြီ။"

မနက်ခင်းတိုင်း radioမှ လာသော ရာသီအလိုက် သီချင်းများကိုတောင် မှတ်မိသွားသည်။
မြောက်လေပြေညှင်းပါလို့ နှင်းပွင့်ကိုခြွေဆိုသော အဆိုတော် အန်တီ မာမာအေး သီချင်းများအရ ရာသီသည် မိုးဥတုလွန်မြောက်၍ ဆောင်းရာသီတို့ပင် ဆိုက်ရောက်လာလေပြီ ။
အနောက်ရမ်းလေတိုက်ရင် နွဥေတုအစ ဖြစ်ပြီး မြောက်လေပြန်ရင်တော့ ဆောင်းဦးရာသီတဲ့။

မိုးစနေ.. လေရာဟု...။စသော ရှေးလူကြီးများ၏ စကားများသည် အဖိုးတန်စွာပင် ကာရံ နဘေများနဲ့ပင် ဖြစ်သည်။ စနေနေ့ ရွာသော မိုးသည် စွေတတ်ပြီး၊ ရာဟုထောင့်ဘက်မှ လေဆိုရင်တော့ အရမ်းကြမ်းတတ်တာမျိုးပင်....။

ရာသီအလီလီ ပြောင်းလဲခဲ့လေပြီ...။ အသက်တို့သည် ကြီးရင့်ခြင်းနှင့်အတူ ကျွန်တော်တို့ အိမ်ထောင် သက်တမ်းသည်လည်း ဂျစ်၍ ရစ်၍ပင် တစ်နှစ်နီးပါးသို့ ရောက်ခဲ့လေပြီ။

အိမ်ထောင်သက် ကြာလာသည်နှင့်အမျှ သွေးအေးသွားမှုမရှိသော ကျွန်တော်တို့ အိမ်ထောင်ရေးသည် ပို၍ပင် နွေးထွေးလာပေပြီ။ ကျွန်တော် ရစ်လည်း သူလဲ အပြုံးနဲ့ပင် ခံယူတတ်ချေပြီ ။ တစ်ခုတော့ ပြောင်းလဲ လာခဲ့သည် ... ။အကြောင်းမှာ ဆရာလေးသည် အရမ်းသဝန်တိုလာခြင်း ဖြစ်သည် ။ သဝန်တိုတာကို အကြောင်းပြကာ လူကိုပင် အနားသို့ ပွတ်သပ် တွယ်ကပ်၍ နေသည်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now