အပိုင်း (၁၁):မဲ့

21.4K 1.5K 27
                                    

{Zawgyi}

.... မဲ့....

... မောင် ကြိုးစားပါ့မယ်...
ခင်ဗျားအပေါ်
ဒီ့ထက်ပိုပြီး လေးနက်မှုတွေ ပြဖို့...။

***

အဲ့ဒီနေ့က မောင်နှင့်ကျွန်တော် အဆင်ပြေသွားပြီး နောက်မှာတော့ မောင်က ကျွန်တော့်အပေါ် အရင်ကနှင့်မတူဘဲ ပိုင်ဆိုင်ကြောင်းများ ပြလာသည်။အခုလဲ ညနေတုန်းက တစ်ခေါက် ထမင်းစားဖို့ သူ့အိမ်ရောက်တာကိုပင် ညကိုးနာရီတီးမှ ကျွန်တော့်ကို လာခေါ်နေပြန်သည်။

"မုန့်စားဖို့ လာခေါ်တာ လိုက်ခဲ့...။ "

ကျွန်တော့်ဘေးနားသို့ ထိုင်ပြီး ပြောလာလေတော့

"ငါ လပတ်ဖြေထားတာ စစ်ရဦးမှာ...။"

"ဟိုက ပြန်ရင် စစ်လေ...။"

"ရောင်ဖြာ....။"

ထိုအခါမှာတော့ သူက ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး ....။

"ကောင်းပြီ...။ ဒါဆိုရင် ကျွန်တော် မနက်စာ ကျွန်တော်နဲ့အတူ စားဖို့ လာခေါ်မယ်...။ "

မဟုတ်သေး...။
သူနှင့်ပြေလည်ပြီးကတည်းက သူနှင့်အတူ ထမင်စားသည့် ဓလေ့က ဘယ်လိုတောင် ပေါ်ပေါက်လာမှန်းမသိ။ ကျွန်တော်က ငြင်းဖို့ ပြင်ပေမယ့် သူက လက်ကာပြပြီး..။

"ကျွန်တော် ပြန်တော့မယ်...။ ခင်ဗျား မငြင်းတော့နဲ့...။
သြော် အရေးကြီးတာမှာမယ်။
ခင်ဗျား အဖြေပေးပြီးကတည်းက ခင်ဗျားက ကျုပ်လူနော်...။
ကျုပ်လူ ကျုပ်ပစ္စည်းကို ကျုပ်သဝန်တိုခွင့်ရှိတယ်။"

"ဒါပေမယ့် ... ငါတို့နှစ်ယောက်အကြောင်းကို ဘယ်သူ့ကိုမှ အသိပေးလို့ မဖြစ်ဘူးဆိုတာ သိတယ်မလား? အချိန်တစ်ခုလောက်တော့ ယူရမယ်နော်...."

သူ့ပုံစံကို သိသည်။
သူက သွေးပူတတ်ပြီး လုပ်ချင်ရာကို ဘာကိုမှ ထည့်စဉ်းစားမှာ မဟုတ်ဘဲ ပြောတတ်သည့်သူမို့...။ နောက်ပြီး သူ့ကို ကျွန်တော် လေ့လာနေတုန်း အခြေအနေတစ်ရပ်ပဲ ပြောရမလား? ကျွန်တော်ကတော့ သူ့ဂျစ်တိုက်မှုများနှင့် ကလေးဆန်မှုကို အစကတည်းက မြင်တွေ့ပြီး သဘောကျပေမယ့် ကျွန်တော့်ဘက်က သေချာပေမယ့် သူ့ဘက်က မသေချာမှာစိုးသည်....။ သူ့ကို မယုံကြည်တာမျိုးမဟုတ်ဘဲ.... ကျွန်တော် အတိုင်းအတာ တစ်ခုကို ကြောက်နေမိတာပါ.....။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now