အပိုင်း (၁၈):အချစ်ဆိုသည်မှာ

14K 1.1K 5
                                    

{Zawgyi🌾}

... အခ်စ္ဆိုသည္မွာ...

တစ်ယောက်တည်း အဝေးကို ငေးပြီး
လွမ်းနေရတာထက်
နှစ်ယောက်အတူ အေးချမ်းတဲ့ ဘဝတစ်ခုကို
ပိုလိုချင်ခဲ့တာပါ။
ဒါပေမယ့် ဂျစ်ကန်လေးရဲ့...
မင်းနှင့်ပတ်သတ်ရင် အတတ်နိုင်ဆုံး ငါ ရဲရင့်ပေမယ့်.....

****

9:08 AM...

ဤနေ့သည် ဂျစ်ကန် ဘုန်းကြီးကျောင်းသို့ မလာသော တစ်ခုတည်းသော နေ့ဖြစ်သည် ။ အင်း ... သူဘယ်လောက် အနိုင်ယူတယ်ပြောပြော သူ့မရှိရင်တော့ မနေတတ်ခဲ့ ....။ တကယ်တော့ ကျွန်တော်တို့နှစ်ယောက် သဘာဝမဆန်စွာ ချစ်ခဲ့မိပေမယ့် သူ့လက်ကို သူခွင့်ပြုချိန်အထိ ဆုပ်ကိုင်ထားချင်ခဲ့တာပါ။အတွေးဖြင့် သီလယူအပြီး ပြန်လှည့်ချိန်မှာတော့.....။

"ဆရာလေး... ခဏလောက်ပါ။"

အသံကြားရာနောက်သို့ ကျွန်တော် လှည့်ကြည့်မိတော့....။

"သြော်... တီနု... ကျွန်တော့်ကို ပြောစရာ ရှိနေလို့လား?"

ထိုအချိန်မှာတော့ တီနုက နံဘေးသို့ တစ်ချက်ကြည့်ပြီး....။

"ဆရာလေး ... ဒေါ်လေးနဲ့ ခဏလိုက်ခဲ့ပေးပါ..."

"ဟုတ်ကဲ့ ...လိုက်ခဲ့ပါ့မယ်.."

အရင်လို မဟုတ်ဘဲ အေးစက်စက်နဲ့ စိမ်းသက်စိုးရိမ်ပူပန်နေသော တီနုပုံစံက မကြာမီပင် လေမုန်တိုင်းဆင်တော့မည့်အသွင်။သူရပ်သွားသော နေရာတစ်ခု၌ အတိအကျပြောရရင် ကျောင်းအနောက် မန်ကျည်းပင်အောက် ...တီနု မျက်နှာပေါ်၌ အငွေ့အသက်တို့မှာ သားအတွက် အရမ်းပင်ပန်းနေသော မိဘတစ်ယောက်ရဲ့ သောကကို အထင်အရှားမြင်တွေ့နေရသည်။

"ဆရာလေး...။"

"ဟုတ်ကဲ့"

"အဒေါ်ဒီနေ့ပြောခဲ့တာတွေက နည်းနည်း ကြားရတာ အဆင်မပြေရင်တောင် မိခင်တစ်ယောက်ရဲ့ အတ္တတွေပဲလို့... ဆရာလေး သဘောထားထားပါ။ ဒါပေမယ့် အဒေါ်ကြိုတောင်းပန်ပါတယ် သားလေးကို ပြုပြင်ပေးဖို့ စိတ်ကူးမရှိဘူးလား?"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now