အပိုင်း (၁၉) : ပြိုလဲခြင်း

14.1K 1.1K 45
                                    

{Zawgyi🌾}

... ပြိုလဲခြင်း...

ကံကြမ္မာ အလှည့်အပြောင်းနဲ့
အဆုံးသတ်ကိုသာ
ကြိုခန့်မှန်း နိုင်ခဲ့ရင်
ငါ မင်းကို ဒီ့ထက်ပိုပြီးချစ်ခဲ့မိမှာ ...ရောင်ဖြာ....။

ရောင်ဖြာ

မင်းသိလား?
ငါ တစ်လောကလုံးအတွက်
မီးအိမ်ရှင် မဖြစ်ချင်နေပါ
မင်းတစ်ယောက်တည်းအတွက်
ပိုးစုန်းကြူး တစ်ကောင်လောက်
အလင်းဆောင်ရင်တောင်
ငါ ဘဝ ကျေနပ်မှု အပြည့်နဲ့ပါ...။

20-7-2019(Tuesday)....

လဲပြိုခြင်း
သံသယဆိုတာ အမှန်တရားတွေကိုတောင် မှိန်စေနိုင်တယ်...

ရက်အနည်းငယ် ကြာသော်...

At 4:09 PM....

အခြေခံပညာ အထက်တန်းကျောင်း

ဝန်းကျင်တစ်ခုလုံး ကျောင်းဆင်းချိန်မို့ ငြိမ်သက်နေသည်။ လေတဖြူးဖြူးတိုက်နေသော ညနေခင်းသည် ကြည်နူးဆွတ်ပျံမှုအပြည့်...။ ကိုယ်လည်း မကြာမီ သူလာကြိုတော့မှာမို့ ကျောင်းခန်းများ လှည့်လည်စစ်ဆေးနေသည် ။ သြော် ဂျစ်ကန်လေးလား? အားလုံးအရှုပ်အထုတ်တွေအကြား သူမနည်းရုန်းကန်ပြီး ကျွန်တော့်ဆီ ရောက်ရောက်လာတတ်သည် ။ ကျွန်တော် သူ့ကို စိတ်ဆိုးပြီး ခဏခဏနှင်ထုတ်ပြီးဆို အတင်းချော့... ချော့မရရင် ဘာမှမပြော...'ခင်ဗျား အရမ်းဆိုးတာပဲ'ဟူ၍သာ....။ လူက စိတ်တိုစိတ်ဆတ်နေပေမယ့် သူတကယ်ကို အချစ်ကို ကိုးကွယ်မှန်း ကျွန်တော် သိတာပေါ့ ....။

ဘာပဲဖြစ်ဖြစ် လက်တွဲဖော်တစ်ယောက်ကို ရွေးမယ်ဆိုရင် ဂျစ်ကန်လေးတွေက အကောင်းဆုံးဖြစ်မယ် ထင်သည်။ စိတ်မထင်ရင် မထင်သလို မျက်နှာတည်တည်ဖြင့် သူ့အပိုင်ဖြစ်ကြောင်းကိုလည်း ခဏ ခဏ ပြတတ်သေးတာ....။
ကျွန်တော့်အထင်ပေါ့.... သူတို့သာ တကယ်ချစ်ရင် ကိုယ့်ချစ်သူအတွက် တစ်လောကလုံးဖြိုပြီး နှလုံးသားတစ်ခု ပြုလုပ်ခဲ့ပါ ဆိုရင်တောင် ချက်ချင်းယူလာပေးမှာ ....။ ဘာပဲဖြစ်ဖြစ် မပေါင်းဖက်ရတောင် မင်းနှင့် ခဏတာ ပျော်ရလို့ တကယ် ကျေနပ်ပါတယ် ဂျစ်ကန်လေး။

ဒီနေ့လည်း တာဝန်မပြတ် ကျောင်းကိုလာခေါ်ပြီး ချော့မည့် ဂျစ်ကန်လေးကို မြင်ယောင်မိပြီး ပြုံးမိသည်။ သူနဲ့ကျမှပဲ တကယ်ကိုယ့်မှာ ကလေးပြန်ဖြစ်နေရသည်။ ငါ တကယ်မင်းနဲ့မှပဲ ဆိုးနွဲ့ချင်တာ... အချော့ခံချင်တာ... ဂျစ်ကန်လေးရဲ့....။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now