အပိုင်း(၁၄):ခွင့်မပြု

19.2K 1.4K 24
                                    

{Zawgyi}


... ခြင့္မျပဳ...

... No allowance...

2019...

တန္ခူးလ...
နှစ်ရက်တစ်ရက်နေ့....

"တော်သေးတာပေါ့... ကျုပ်က ခင်ဗျား နောက်နှစ်မှ ပြန်လာမယ် ထင်လို့...။"

ကဲ...
သူ့ကို ကတိပေးထါးသည့်အတိုင်း သြက်န်အမီ နှစ်ဆန်းတစ်ရက်နေ့ကို ပြန်လာခဲ့မိသည်။ သို့ပေမယ့် သူကတော့ဖြင့် ရောက်ရောက်ချင်း ရှောက်နဲ့ထွင်း....။ သူကတော့ နွရောသီပူပြင်းမှုကို အထူးသဖြင့် နေရောင်ပူနွေးနွေးကို အပေါ်မှဖျင်လက်ရှည်၊ ဂျုံ သို့မဟုတ် ဝါးဖက်ဦးထုပ်ဖြင့် ခုခံကာကွယ်လေသည်။ သူ့အပြောအရ ဖျင်အကျီ်က နေပူတာကို ကာကွယ်ပေးသည့်အပြင် အခြားအဝတ်အစားများလို မပူသည်တဲ့....။

ကျွန်တော်ပြန်သွားသည့် တစ်လကျော်ကျော်အတွင်းမှာ မောင့်နူတ်ခမ်းမွှေးရေးရေးက အနည်းငယ်တောင် ပိုပြီး စိမ်းမြလာသယောင်....။ သူ့အသားအရည်ဝါဝါဝင်းဝင်းကတော့ ပြောင်းမသွားဘဲ အရပ်က ကျွန်တော့်ထက်ပိုများ ရှည်သွားသလားပင်....။

"နှစ်ဆန်းတစ်ရက်နေ့ အမီပြန်လာတယ်လေ...။ ဒါနဲ့ မျက်နှာက ဘာဖြစ်တာလဲ"

ဟုတ်ပါသည်...။ သူ့နူတ်ခမ်းထောင့်စွန်းနှင့် ပါးပြင်တစ်နေရာမှာ ထိခိုက်ထားသည့် ခရမ်းရင့်ရောင် အညိုအမဲတွေ။ သူကတော့ ဘာမှမပြောဘဲ ခေါင်းကို ကျွန်တော်မမြင်နိုင်သည့် တစ်ခြားတစ်ဖက်သို့ လှည့်လိုက်ပြီး....။

"ဘာမှမဖြစ်ဘူး..."

ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး မပြောရဲကတည်းက မောင် ကျွန်တော့်ကို ညာနေပြီဆိုတာသိသည်။ မောင်က ဂျစ်တိုက်တာမျိုး၊ ရစ်တာမျိုးပင် ရှိသည်။ ပညာသားပါပါ သူများကို လိမ်သည့်နေရာမှာ ကျွမ်းကျင်မှု တကယ်မရှိပါ။ ကျွန်တော်လည်း ဘေးသို့လှည့်သွားသည့် သူ့မျက်နှာကို မေးရိုးမှတစ်ဆင့် ကျွန်တော့်ဘက်သို့ လှည့်စေပြီး.... ဆရာတစ်ယောက်၏ မျက်စိအောက်၌ အပြစ်လုပ်ထားသော ကလေးတစ်ယောက်လို ယူဆသလို ကြည့်မိလိုက်တော့ သူက မလုံတော့။

"ပြော... ရန်ဖြစ်ထားတာမလား? ဘယ်သူနဲ့ဖြစ်တာလဲ? ငါ ဘယ်လိုပြောထားလဲ?"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now