အပိုင်း (၂၀) : မဆုံသော

13.2K 1K 31
                                    


{Zawgyi🌾}


...မဆုံသော...

မဆုံသော လမ်း
မင်းပဲ ရွေးချယ်သွားပြီး
ကျန်နေသူက အရူးမီး
မင်း ငဲ့ကြည့်ဦး....။

****

21-7-2019(Wednesday)

ဒီနေ့ ဤနေ့သည် မိမိနှင့်မိမိအချစ်ရဆုံးသောသူနဲ့ ထာဝရ ခွဲခွာရမည့်နေ့ လက်တွဲဖြုတ်ရမည့်နေ့.....။ ချစ်ခြင်းတရားများ အကုန်လုံးကို လောင်မြိုက်ခံလိုက်ရသည့်နေ့....။

မိမိမင်္ဂလာပွဲအတွက် မေမေကိုယ်တိုင် တောင်ကြီးမှ ဒီအထိ လာရောက်တောင်းရမ်းပါသည်။ ဝါတွင်းမို့ အတည်တကျ တောင်းခြင်းမပြုဘဲ နှစ်ဘက်မိဘ အသိပေး ပြောဆိုထားခြင်းသာ။

သပ်ရပ်စွာ ဝတ်ဆင်ထားသော မင်္ဂလာအရောင် အကျီ်စတစ်နှင့် ယောပုဆိုးသည် မိမိကို ညှင်းသတ်နေသလို ....။ သူတို့ ဘာတွေညှိနှိုင်းနေသလဲ ကျွန်တော်တကယ် မကြားမိ ....။ မိမိနှင့် မျက်စောင်းထိုးမှာ ထိုင်နေသော ခပ်မှိန်မှိန်အရုပ်ကလေးကိုသာ ငေးကြည့်နေမိသည် ။ ထ,ထွက်သွားလိုက် ပြန်လာထိုင်လိုက်နဲ့ သူတကယ် အလုပ်များနေသည့် ပုံပေါ်သည် ။

တစ်မနက်လုံး ကျွန်တော့်ဘက်သို့ တစ်ချက်မျှ မကြည့် ခပ်ခွာခွာသာ ... မိမိကိုဆိုလျှင် အနိုင်ယူစွာ သိမ်းပိုက်တတ်သော နူတ်ခမ်းသားပါးပါးတို့ ၊ အမြဲတမ်းငေးကြည့်နေတတ်သော မျက်ဝန်းတို့ ၊အမြဲတမ်း ထွေးဖက်ထားတတ်သော လက်တစ်စုံ၊တစ်ခုမကျန် မှတ်သားနေမိသည်။

တဖြေးဖြေးနဲ့ ဝေးကွာသွားသော အနေအထားက ကျွန်တော့်ရင်ကို လာရောက် အစွမ်းကုန်ရိုက်ခတ်ပါသည်။ အားလုံးပြီးဆုံးသွားခြင်း အပြီး၌ ၁၁နာရီပင် တီးတော့မည်။ ကျွန်တော်၏ သတင်းသည် တစ်ရွာလုံး မိုးခိုးကြွက်လျှောက် ပျံနှံ့သွားခဲ့အပြီး ရွံစရာကောင်းလိုက်တာ... ကျောင်းဆရာ လုပ်နေပြီး အိပုံ့လေး သနားလိုက်တာ... ကြောင်သူတော် ကြွက်သူခိုး ... အစရှိသည်ဖြင့် ဂုဏ်သတင်းကတော့ မွှေးပျံ့နေသည်။ မခိုင်လုံသော အကြောင်းအရာအပေါ် အထင်နဲ့အမြင်နဲ့ပင် ပြောနေသောသူတို့ကိုလည်း စိတ်မဆိုးမိ ... အားလုံးက ကံစေမံရာပဲမဟုတ်လား?

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now