အပိုင်း (၂၆) :ကိုးကွယ်ခြင်း

15.4K 1K 39
                                    

{Zawgyi🌾}

...ကိုးကွယ်ခြင်း...

သဝန်တိုတယ်...
ချစ်တယ်...
မခွဲနိုင်ဘူး...
အနားမှာနေပါ...။
ကျွန်တော် ရစ်တယ်ဆိုတာကလည်း
ခင်ဗျားကို အရမ်းချစ်လို့ပါ။

***

At 5:39 AM....

အလင်းရောင်ဖွေးဖွေးနွေးနွေးသည် နံဘေးပြတင်းပေါက်မှ မျက်နှာပေါ်သို့ လာရောက် မိတ်ဆက်နေသည် ။ လတ်ဆတ်သော မနက်ခင်း လေအေးအေးနှင့်အတူ ခေါင်းရင်းမှ ဇွန်ပန်းပင်မှ ဇွန်အနံ့အသက်တို့က လူးကာ လွန့်ကာ .... နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ကျိန်းစပ်နေသော မျက်လုံးအစုံကို အတန်ငယ်ကြအောင် ဖွင့်ရပါ၏ ။အိမ်နောက်ဘက် မီးဖိုခန်းမှ စကားပြောသံသဲ့သဲ့ကြောင့် အဖေတို့ နိုးပြီနဲ့တူသည် ။ မိမိလည်း အနည်းငယ် ကူရမှာမို့ အိပ်ယာမှ ထထိုင်လိုက်ပေမယ့် စိတ်စေရာနောက် ကိုယ်မလိုက်ခဲ့။

အာ... မေ့နေတာပဲ ... ဟုတ်တယ် ။ ဂျစ်ကန်ရင်ခွင်ထဲမှာ ညကတည်းက ရုန်းထွက်လို့ မရတော့ခြင်း.... နှစ်ယောက်စလုံး စွပ်ကျယ် ဂျိုင်းပြတ်အဖြူကိုယ်စီနဲ့ အခုလဲ သူ နိုးနေပြီ ထင်သည်။ မိမိထမှာစိုး၍ အတင်းပွေ့ဖက်ထားပုံရသည်။

"... ရောင်ဖြာ"

"အမ်... အင်... အင်း"

"ငါ ထတော့မယ် ရောင်ဖြာ....။ ဟိုမှာ အမေတို့ ထမင်းချက်နေတယ်နဲ့ တူတယ်...။"

"အစောကြီး ရှိသေးတယ်ဗျာ မထပါနဲ့ဦး...။ အမေက အဲ့လိုပဲ အစောကြီး ထချက်တာ...။"

"... ငါထရမှာ ...။ ကူလုပ်မယ်ကွာ လေနော် ...။ ငါ ထပါရစေ"

"ဟာကွာ ဒီအချိန်လေးဖက်ရပါတယ်...။ အခုကြည့် မကြည်ဖြူတော့ဘူး ...။ ပြီးတော့ မောင်က တောထဲသွားရဦးမှာ... ခင်ဗျားကို ထားခဲ့ရမှာ ...နေ့လည်အထိပဲ... ခဏလေးပါကွာနော်"

"...ရောင်ဖြာ "

"အာ... ဗျာ ထ ထ သွား ....။ ကျွန်တော့်ကို လာမခေါ်နဲ့သွား...။"

မောင်ကတော့ ကျွန်တော့်ကို ပြောမရသည်နှင့် ကျွန်တော့် ခါးကို ရစ်သိုင်းထားသည့် သူ့လက်ကို ဖယ်ပြီး ပြောလာသည်။

".... ရောင်ဖြာ"

"မခေါ်ပါနဲ့ဆို ... သွား ဘယ်သွားသွား"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now