အပိုင်း (၃၃) : ရစ်&ခြစ်

12.1K 741 6
                                    


{Zawgyi🌾}

.... ရစ်& ခြစ်...

အရမ်းခဲ့မိလို့...
အရမ်းရူးသွပ်ရ ကျနေမလား?
အရမ်းတော့ မတွေးချင်ပေမယ့်

မောင်လဲ ပုထုဇဉ် လူသားမို့
မောင် ခင်ဗျားကို ထားခဲ့တဲ့တစ်နေ့
သို့မဟုတ်
ခင်ဗျား ကျွန်တော့်ကို ထားခဲ့တဲ့တစ်နေ့

............

ရက်အနည်းငယ်အကြာ...

ဖုံးတုံးလုံးတုံး တန်ဆောင်မုန်းတဲ့....။

(N- စပါးပင်များ အနှံထွက်ဖို့ အားပြုနေသည့်အချိန်)

ကျွန်တော်တို့ရဲ့ ကျန်ရှိနေသေးသည့်စပါးပင်များလည်း ကောက်နှံထွက်ရန် အားပြုနေကြသည်။ မကြာခင် မြစိမ်းရောင် လယ်ကွင်းတစ်ပြင်လုံး ရွှေဝါရောင် အဆင်းသို့ ကူးပြောင်းလာတော့မည် ...။

ချမ်းချမ်းအေးအေးနှင့် အညာဆောင်းသည် မေးပင်ခိုက်မတတ် ချမ်းအေးရသည်။ အလွန်အေးသည် အလွန်ချမ်းသည် သို့သော် ကျွန်တော် ဆောင်းကိုနှစ်သက်သည် အကြောင်းမှာကား ကျွန်တော် အမြဲတမ်း ညတိုင်း ဆရာလေးကို ထွေးဖက်ပြီး အိပ်ခွင့်ရသည် ချမ်းတာကို အကြောင်းပြ သူ့ရင်ခွင်ထဲ တိုးဝင်လို့ ရသည် ထို့ကြောင့် ဆောင်းကို ကျွန်တော် အရမ်းသဘောကျသည်.........။

အခုလဲ သူ့ကျောင်းပိတ်ရက်အတွင်း နှစ်ယောက်သား တောထဲ ဟင်းရွက်ခူးထွက်နေသည်။ သူ့ကို ပင်ပန်းမှာစိုးလို့ အိမ်မှာ ထားခဲ့သော်ငြား မနေခဲ့ အတင်းလိုက်ပါရန် တောင်းဆိုသည် ။ တောင်းဆိုလို့ မရလျှင် အညှာကိုင်သည်။ အညှာဆိုသည်ကား ကျွန်တော်က သူ့ကျွန်တော့်ကို တစ်ခြားမိန်းမနဲ့ သမုတ်လျှင် လုံးဝမကြိုက်....။ ထိုအရာကိုပင် လက်ကိုင်ဆွဲပြီး ငြင်းလေတော့ ကျွန်တော့်မှာကား စိတ်တိုပြီး သူ့ကို ခေါ်ခဲ့ရသည်...။

ဒီလောက်အကြောတင်းတဲ့ ဆရာငယ်အား တမင်တကာပင် လယ်ထဲယာထဲ တောနက်ထဲမှန်သမျှ ပတ်ခေါ်သည်။ သူကလည်း ကျွန်တော်သွားရာနောက် အမြဲလိုက်ပါသည်။ ဟိုခြုံနှိုက် ဒီခြုံနှိုက်နဲ့ လွယ်အိတ်နဲ့ ပလိုင်းထဲလဲ အတန်အသင့် ဟင်းရွက်စုံ ရလေပြီ။

သူ့ပလိုင်းထဲ သူနှစ်သက်တဲ့ အချဉ်ဟင်းတစ်ပွဲစာ ရုံးပတီသီး၊ချဉ်ပေါင်ရွက် ၊ ချဉ်ပေါင်ဖက်၊ ကန်ဇွန်းရွက်တို့သည်ကား ဆောင်းရာသီဟင်းများပင် ဆောင်းရာသီသည့် အသီးအရွက်များကား နေဖြင့်ကြီး၊ နှင်းဖြင့် သီးရသမျှ ထွားကြိုင်းခြင်းထက် အရသာက မိုးရာသီထက် ပိုသည်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now