အပိုင်း(၁၀):သည်းပွတ်

23.2K 1.7K 14
                                    

{Zawgyi}

...သည်းပွတ်...

မကောက်ပါနဲ့တော့ဗျာ
စိတ်လည်း မဆိုးပါနဲ့တော့။
ခင်ဗျားကို ချော့နေတာ
တစ်လတောင်ရှိနေပြီလေ....။
ကျွန်တော် အနူးအညွတ်တောင်းပန်နေတာပဲ
ကလေးလဲ မဟုတ်ဘဲနဲ့ အကြာကြီး
မကောက်ပါနဲ့။

***

အဲ့ဒီနေ့နောက်ပိုင်းမှာတော့ ထင်တဲ့အတိုင်းပင် ကျွန်တော့်ကို အတွေ့မခံတော့ ။ အိမ်သွားတော့လဲ မတွေ့ ... ကျောင်းလိုက်သွားတော့လည်း အတွေ့မခံ ဥပုတ်သီလယူတော့လည်း အရိပ်အယောင်ပင် မမြင်...။ သေချာသည်က ကျွန်တော်ရှိရာ အရပ်ကိုပင် ဖုန်းဆိုးမြေ အဖြစ်သတ်မှတ်လိုက်သည် ထင်သည်။ ဒီ အခြေအနေတွင် ခံစားချက်ကြီးက ဆိုးလှသည်မို့ ငါ မတိုးခဲ့ရင် အကောင်းသား ဟူသော စိတ်က ဝင်လာသေးသည်။

၁ရက်အကြာ-ဘာမှမထူးခဲ့
၂ရက်အကြာ -အရိပ်အယောင်ပင် မတွေ့ရ
၃ရက်အကြာ-အသံလေးကိုပင် မကြားရ
၎ရက်အကြာ-ဦးလေးကျော်တို့အိမ် မယောင်မလည်နဲ့ သွားကြည့်သော်လည်း အပိုပဲ
၅ရက်အကြာ-ကျောင်းလိုက်သွားတော့လဲ ဆရာမတွေက ခွင့်ယူထားကြောင်း ပြောသည်။
ကြာတော့ မျှော်လင့်ချက်တွေ ရေစုန်မျှောရတော့မလို စိတ်ဆိုးပြီး အချော့လဲမခံ ကိုယ့်မှာ လယ်ထဲ ပျိုးကြဲတာပင် စိတ်ဖြောင့်ဖြောင့် မလုပ်နိုင်....။

နှစ်လိုစွာ ရယူခြင်း ထိုနေ့ နောက်ပိုင်း၌ ခင်ဗျား ချက်ချင်းကို ပြန်သွားတာပဲနော်... တောင်းပန်ဖို့ အခွင့်မရခဲ့....။ မျက်နှာတော်လည်း မော်ဖူးခွင့်မပေးခဲ့ ။ နာကျင်မှုကို ဖြေသိမ့်ဖို့ အတွက် ဂရုစိုက်ပင် မခံခဲ့ ။ အရမ်းဆိုးတာပါ ခင်ဗျားကလေ။

လွမ်းလှပြီ... အသည်း နှလုံးသားရဲ့ ... အားလုံး ကျွန်တော် တောင်းပ န်ပါ့မယ်ကွာ...။ ခဏလောက်တော့ ပြန်လာပေးပါ ... ဆရာလေး ဦးသဝဏ်လွှာ ရဲ့...။

သို့ပေမယ့်
အခုတော့ဖြင့် ဆရာမကြီး ကျေးဇူးကြောင့်...

"မောင် ရောင်ဖြာ"

"အော် ... ဟုတ်ကဲ့ ဆရာမကြီး"

"ရန်နိုင်က မအားလို့ကွယ်... ညနေကျ ဆရာလေးကို သွားကြိုပေးပါ့လား??"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now