အပိုင်း (၃၈) : သီးသန့်ဇုန်

11.7K 656 23
                                    

{Unicode}

ခင်ဗျား နေမကောင်းရင်
မောင်က ခင်ဗျားအနားကို
ကပ်လို့မရဘူးလို့...။
ဒါကြောင့် နေကောင်းအောင် နေပါဗျ။

***

နောက်တစ်နေ့....

... ကလေးတစ်ယောက်လို ဆိုနွဲ့တိုင်လည်း
ကျွန်တော့်ကိုလေ..
အမြဲတမ်းပဲ ခွင့်လွှတ်တတ်သူ င်ဗျားရေ

စိတ်ကောက်ရင်ဘာကြောင့်လဲလို့
ကျွန်တော့်ကိုလေ..
အမြဲတမ်းပဲ အရှုံးပေးထားတတ်သူ ခင်ဗျားရေ

ဒါကြောင့်မိုလဲ
ကျွန်တော့်ရဲ့ရင်ထဲ...
တစ်ကြိမ်တစ်ခါမှချစ်ဖူးသေးတဲ့
နှလုံးသားမှာလည်း..
ပထမဆုံး ချစ်ခဲ့မိတာ ခင်ဗျားပါပဲ

အရွယ်ငယ်ငယ် ကောင်လေးတစ်ယောက်မို့
ကျွန်တော့်အချစ်ကိုလည်း
လိမ္မာမှု နှစ်သိမ့်မှုတွေ
ပေးလိုက်ပါနဲ့... ကြာလာရင်
ဒီစိတ်နဲ့ ကျွန်တော်
သေနိုင်တယ် ခင်ဗျားသိရဲ့လား?

နံနက်ပိုင်း...

နှာတခွီးခွီးချေကာ... အအေးမိပြီး နေမကောင်း ဖြစ်နေမိသည်။ ကျွန်တော် နေမကောင်းသံကို ကြားရတော့ အိမ်နီးချင်းများသာမက ရွာပိုင်းက လူတစ်ချို့ပါ လာပြီး သတင်းမေးမြန်းကြပါသည်။ သူကတော့ မနက်ကတည်းက မီးဖိုခန်းထဲမှာ ရှိနေပြီး ကျွန်တော့်အခြေအနေကို ကြည့်လိုက် မီးဖိုခန်းထဲ ပြန်၀င်သွားလိုက်ဖြင့်ပင်။

နံနက်ပိုင်း ၁၀နာရီ...

အားလုံး လူရှင်းသွားချိန်မှာတော့ သူက မီးဖိုခန်းထဲမှ ပု၀ါကို သုတ်ကာ အပြင်သို့ ထွက်လာသည်။ သူကတော့ ကျွန်တော့်ထံသို့ ဇွတ်အတင်း လှမ်းနေတုန်း ရှိသေးသည်... ရွာအလယ်ပိုင်းမှ မကြည်၀င်းနှင့် သူ့သူငယ်ချင်းတစ်သိုက်... အထူးသဖြင့် ရောင်ဖြာနဲ့မတည့်ပေမယ့် အိမ်က ကိစ္စဆိုရင် ဦးစားပေး တက်ညီလက်ညီနဲ့ ကူညီတတ်သည်။ မကြည်၀င်းတို့ လာလေတော့... သူ့ခမျာ မျက်နှာက အလိုမကျဟန်ဖြင့် မီးဖိုအခန်းထဲ ပြန်၀င်သွားပြန်သည်။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now