အပိုင်း (၈) :သိမ်မွေ့ခြင်း

20.1K 1.5K 27
                                    


{Zawgyi}

...သိမ်မွေ့ခြင်း...

အချစ်က ဘယ်လိုအရာမှန်း
ကျွန်တော်မသိဘူး။
တစ်ယောက်တစ်ယောက်နဲ့
ခင်ဗျားနဲ့ တွဲတွေ့နေရင် ကျွန်တော်တကယ်
မနေတတ်တော့ဘူး။
အချိန်တိုင်း သတိရတယ် ခင်ဗျားရဲ့ အသံလေးတွေ...ကြားချင်တယ်။
ခင်ဗျား ဂရုစိုက်တာ ခံချင်တယ်။

***

At 10:30 AM...

ယနေ့သည် ဥပုတ်သီတင်းနေ့...။

ဂျစ်ကန်လည်း သုံးရက်လောက်ဖျားပြီး ပြန်ကောင်းသည့်နေ့....။
သူဖျားပြီးနောက်ပိုင်း ဂျစ်ကန်သည် ကျွန်တော်ရှိရာသို့ တစ်ရက်ခြား အမြဲတမ်းလိုလို ပေါ်လာတတ်သည်။ မယောင်မလည်နဲ့ပင် လေးကျော်တို့ဆီ လာသလိုလို အပြန် အကြောင်းမရှိ အကြောင်းရှာကာ သူ့ကို လိုက်ပို့ခိုင်းမြဲ။

အခု မနက်ကမှ ဥပုတ်သီလယူပြီး အိမ်မှာ စာစစ်မလို့တွေးတုန်း ထုံးစံအတိုင်း လာခေါ်တာမို့ ငြင်းလို့လဲ မရ.... မရမကပင် အတင်းခေါ်တာကြောင့် သူမြက်ရိတ်ရာနောက် ကိုယ့်မှာ မိုးကာအကျီ်ဝတ်ပြီး လိုက်ခဲ့ရသည့်အဖြစ်။ အရင်တတွဲတွဲ ရှိနေသည့် သူ့သူငယ်ချင်းများက အခုဘယ်ရောက်သွားသည်လဲ? ကာလသားခေါင်းဖြစ်ပြီး အပေါင်းအဖော် မရှိတာတော့ အနည်းငယ် မယုံချင်စရာပင် ....။ ဒါကို မေးလိုက်ရင်လည်း ဗြောင်လိမ်နေကျ ...သူတို့နဲ့က စကားမပြောဘူးဆိုလား? မင်းကလေ....

အခုလည်း မလှမ်းမကမ်းမှ နှံစားခင်းထဲမှာ နွားစာရိတ်နေသော သူ့ကို ကြည့်နေမိသည်။ ကြိုးစား ပမ်းစားပင် သြော် ဘဝတွေ လူချင်းတူပေမယ့် ကံခြင်းက မတူခဲ့....။ နွားစာ လေးငါးထုံးလောက် ရိတ်ပြီးချိန်မှာတော့ လှည်းအနား စီတန်းသယ်ယူပြီး နွားတွေကို စားကျက်ခင်းထဲ ကြိုးရှည်ရှည်ဖြင့် ချည်ထားခဲ့သည်။ တော်သေးသည် .... ယနေ့ မိုးအုံ့နေပေမယ့် မိုးက မရွာခဲ့ မိုးသက်လေ အနည်းငယ်ဖြင့်သာ လေထုကိုဆော်သွေးနေသည်....။

မှိုင်းပြပြ စိမ်ညို့တောတန်းလေးသည် လွမ်းဆွေး
မှုအပြည့်... ဒီအချိန်ရော မေမေ ဘာလုပ်နေလဲ?

"ပျင်းနေပြီလား??"

အတွေးဖြင့် လူးလွန့်နေတုန်း... ကျွန်တော့်နံဘေးသို့ လျှောက်လာပြီး သူက မေးလာတာမို့....။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now